ငါးအရောင်းဆိုင်ပိုင်ရှင်ကို ပေးရမယ့် အကြွေးတွေ မလွှဲပေးတဲ့အပြင် ဖုန်းဆက်ပြီး ရစရာမရှိအောင် ပြောဆိုနေတဲ့ ချစ်ကောင်းရဲ့အသံဖိုင်

တစ်ချိန်ကသူရဲ့သီချင်းတွေက လူငယ်တွေကြားမှာရေပန်းစားခဲ့ပြီး ပြန်ဆိုတေးတွေတောင်ရှိခဲ့တာကတော့ အဆိုတော်ချစ်ကောင်းပဲဖြစ်ပါတယ်။ သူကတော့ တစ်ချိန်ကအောင်မြင်ကျော်ကြားခဲ့ပြီးခုချိန်ထိ လေးစားခဲ့ရတဲ့ အဆိုတော်တစ်ယောက်လည်းဖြစ်ပါတယ်။ နောက်ပိုင်းမှာ ပရိသတ်တွေနဲ့ဝေးကွာခဲ့ပြီး ငါးလေးတွေမွေးကာ ဘဝကိုပျော်ရွှင်စွာဖြတ်သန်းနေတာပါ။

သူ့ရဲ့လူမှုကွန်ရက်ကနေတော့ ငါးနဲ့ပတ်သတ်တဲ့အကြောင်းလေးတွေကိုတင်ပေးလေ့ရှိတာပါ။ဒါကြောင့် ရိုးရှင်းစွာဖြတ်သန်းနေတဲ့သူ့ရဲ့ဘဝလေးက ပရိသတ်တွေအားကျနေတာပါ။ သူကတော့ခုမှာ ငါးဝယ်ပြီးငွေလွှဲပေးဖို့ကိစ္စနဲ့လူမှုကွန်ရက်မှာပြောဆိုခံနေရတာဖြစ်ပြီး ငါးအရောင်းဆိုင်ကလည်းခုလိုဖြေရှင်းထားတာပါ။

ကျတော်တို့ အတွက် မှာ အလွန်တရာမှ ငါးရာတထောင်က အစ တန်ဖိုးရှိလွန်းပါသည် ။ Sai Aqua အနေဖြင့် လဲ Local ငါးများ ကို တန်ဖိုးထားတတ်လွန်းသောကြောင့် အမြဲ စေတနာ ထား ပြီး ရောင်းချပေးတာ ကို ဝယ်တဲ့သူတိုင်း သိရှိကြမှာ ဖြစ်ပါတယ်။ သိုသော်ငြား ယနေ့ 22.2.2022 မှာ အဆိုတော်ကြီးမှာ ကြည်ဖြူစွာ နဲ့ ငွေ လွှဲဖို့ စတင်ပြောရုံသာရှိသေး၍ အကြွေး မပေးသေ၍ ယခုလို ယဉ်ကျေးမှု မရှိစွာ ပြောဆို လာပါသည် ။ဒါ့ကြောင့် ယနေ့ ယခုက စ၍ Sai Aqua ကနေပြီး အဆိုတော် ချစ်ကောင်းအား မည်သည့် ပစ္စည်းမှ ရောင်းချမည်မဟုတ်ကြောင်း နှင့် ရရှိ ရမည့် အကြွေးအား ရေစက်ချ အမျှ ဝေ အပ်ပါသည် ။ ကုသိုလ် အမျှ အမျှ အမျှဟုရေးသားထားခဲ့တာပါ။ ဒါ့အပြင် ငါးဆိုင်ကိုလည်းဖုန်းဆက်ဆဲဆိုထားတာဖြစ်ပြီး video လေးကိုတော့အောက်မှာ ပရိသတ်တွေအတွက်တင်ဆက်ပေးလိုက်ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *