နိုင်ငံကျော်အဆိုတော်တစ်ယောက်ဖြစ်တဲ့ချမ်းချမ်းကတော့ခုမှာ သမီးလေးနဲ့တူတူပျော်ရွှင်စရာမိသားစုဘဝလေးကိုပိုင်ဆိုင်ထားတာပါ။ခင်ပွန်းဖြစ်သူနေထိုင်တဲ့ အီတလီနိုင်ငံမှာနေထိုင်နေတာပါ။ သူမဟာနိုင်ငံရပ်ခြားမှာနေထိုင်ပေမယ့် ပရိသတ်တွေနဲ့မဝေးပဲရှိနေသူတစ်ယောက်ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ တော်လှန်ရေးကိစ္စတွေမှာလည်းတက်နိုင်တဲ့ဘက်ကပါဝင်ကူညီခဲ့တာပါ။ ဒါကြောင့်လည်း မကြာခင်က မြန်မာနိုင်ငံမှာရှိတဲ့သူမရဲ့နေအိမ်ကိုမတရားချိတ်ပိတ်ခံလိုက်ကသေးတာပါ။ ဒါပေမယ့်လည်းသူမဟာ ဆက်လက်ကူညီမှုတွေလုပ်နေမှာဖြစ်ပြီး ပရိသတ်တွေအတွက်လည်း liveလေးတွေလွှင်နေတုန်းပါ။
ခုမှာလည်း ပရိသတ်တွေချစ်မဝဖြစ်နေတဲ့သမီးလေးနဲ့တူတူ liveလေးလွှင့်နေတာပါ။ သမီးလေးကလည်းချစ်စရာကောင်းပြီးဆော့ကစားနေတာကြောင့် ပရိသတ်တွေမှာအသည်းတယားယားဖြစ်စေတာပါ။ သားမိနှစ်ယောက်ဘယ်လိုချစ်ဖို့ကောင်းလဲဆိုတာကတော့ အောက်က သူတို့liveလေးကိုကြည့်ပြီးအားပေးကြပါဦးနော်။