ချစ်သူလေးနဲ့အတူ ဒူဘိုင်းမှာ လည်ပတ်ပျော်ရွှင်နေကြောင်း ဗီဒီယိုလေးရိုက်ကူးပြီး သက်သေပြလိုက်တဲ့ နေခြည်ဦး

နေခြည်ဦးဆိုတာနဲ့ မြန်မာနိုင်ငံမှာမသိတဲ့မရှိသလောက်အောင်မြင်ခဲ့တဲ့ Celeတစ်ဦးဖြစ်ပါတယ်။ Beauty Bloggerလောက ကနေအားပေးမှုများစွာနဲ့ အနုပညာလမ်းကြောင်းပေါ်ရောက်ရှိလာခဲ့တာပါ။ အချိန်တိုအတွင်းမှာတင် ရုပ်ရှင်ဇာတ်ကားကြီးတွေမှာပါဝင်ရိုက်ကူးခဲ့ရပြီး ခဏလေးအတွင်းနာမည်ကြီးအောင်မြင်သွားတာပါ။

တစ်ချိန်ကအောင်မြင်မှုတွေထိပ်ဆုံးရရှိခဲ့ပေမယ့် အာဏာသိမ်းပြီးချိန်းကတည်းကဝေဖန်မှုတွေနဲ့ကြုံတွေ့နေရတာပါ။ ဒါကြောင့်လည်းလူမှုကွန်ရက်ကနေအချိန်တော်ကြာပျောက်သွားခဲ့ပြီးနောက်မှပြန်ပေါ်လာခဲ့တာပါ။ ခုနောက်ပိုင်းမှာ တော့လူမှုကွန်ရက်၊instagramမှာပုံရိပ်လေးတွေတင်ပေးလေ့ရှိတာပါ။

ခုမှာလည်းသူမဟာ ဒူဘိုင်းကိုရောက်ရှိနေတာဖြစ်ပါတယ်။ ဒူဘိုင်းမှာ ကျောက်မြတ်ရတနာသင်တန်းတက်ဖို့ရောက်နေပြီး ဒူဘိုင်းမြို့လမ်းမတွေပေါ်မှာ စက်ဘီးစကိတ်လေးစီးနေတဲ့video လေးတင်ထားတာပါ။ ဝေဖန်မှုတွေကြုံတွေ့နေရပေမယ့်လည်း သူလုပ်စရာတွေအတွက် ကြိုးစားနေတဲ့ နေခြည်ဦးvideoလေးကိုလည်းတက်ဆက်ပေးလိုက်ရပါတယ်။

Leave a Reply

Your email address will not be published.