နိုင်ငံကျော်သရုပ်ဆောင်ညဝေဠုကျော်နဲ့ပတ်သတ်ပြီးပရိသတ်တွေကြားရေပန်းစားပြီးခုဆို အားပေးတဲ့ပရိသတ်တွေရရှိထားတာကတော့ သင်းသင်းပဲဖြစ်ပါတယ်။ သူမကတော့ဝေဖန်မှုတွေများစွာခံခဲ့ရပေမယ့်နောက်ပိုင်းမှာ ပရိသတ်တွေလက်ခံလာတာဖြစ်ပါတယ်။ ခုနောက်ပိုင်းမှာ လည်းပရိသတ်တွေအတွက်အလုပ်တွေကိုကြိုးစားနေတာဖြစ်ပါတယ်။
ဒါပေမယ့်မနေ့ညကတော့ပရိသတ်တွေအံ့သြသွားခဲ့ရတာပါ။ သူမကိုညအချိန်မှာဝင်ရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာဖြစ်ပါတယ်။ ခုလိုမတရားဖမ်းဆီးခံကချိန် liveလွှင့်ခဲ့ပြီး ပရိသတ်တွေကြားမှာ တုန်လှုပ်သွားခဲ့ပြီး စိတ်ပူနေခဲ့ရတာပါ။ခုလိုဖမ်းဆီးမှုတွေကိုအနုပညာရှင်တော်တော်များများခံစားခဲ့ရတာပါ။
အကြောင်းပြချက်မရှိပဲခုလို အနုပညာရှင်တွေတော်တော်များများကိုလည်းဖမ်းဆီးခံနေရတာကြောင့် အနုပညာရှင်တွေလည်းစိတ်ပူနေရတာပါ။ သင်းသင်းကိစ္စမှာလည်း ခုချိန်ထိဘာကြောင့်ဖမ်းခံရလဲဆိုတာမသိသေးတာကြောင့်ပရိသတ်တွေစိတ်ပူနေတာပါ။သင်းသင်းliveကိုမကြည့်ရသေးတဲ့ပရိသတ်တွေအတွက်လည်း အောက်မှာ liveလေးကြည့်ပြီးဆုတောင်းပေးကြပါဦးနော်။