လူကြီးလူငယ်မရွေးယနေ့ချိန်ထိတိုင်အောင်အမြဲချစ်ခင်နေရတာကတော့ မအေးသောင်းလို့လူသိများတဲ့ အေးဝတ်ရည်သောင်းပဲဖြစ်ပါတယ်။ မအေးသောင်းဟာ ပရိသတ်တွေနဲ့ဝေးကွာပြီးပြန်ပေါ်လာခဲ့တာဖြစ်ပေမယ့် ယနေ့တိုင်ချစ်နေရတုန်းပါ။ ဒါကြောင့်လည်းခဏလေးအချိန်အတွင်းမှာ ပရိသတ်အားပေးမှုပြန်ရရှိခဲ့တာပါ။
သူကတော့လူမှုကွန်ရက်ကနေလည်းပုံရိပ်လေးတွေတင်ပေးလေ့ရှိပြီး ပရိသတ်တွေကအားပေးချစ်နေရတာပါ။ခုမှာတော့သူကိုဝေဖန်နေတဲ့သူတစ်ချို့ကိုလူမှုကွန်ရက်ကနေပညာသားပါပါပြန်ပြောပေးလိုက်တာပါ။ ဒါကမင်းသမီး ကြမ်းခန်းလူကြမ်းတွေလဲရင်ကြိုက်လားးးးလွမ်းခန်းတွေရောက်ရင်လူသားတွေမျက်ရည်ဝဲမယ်
တခါတလေလူတွေက ထူးဆန်းတယ် အဆင်မပြေ ခက်ခဲကြမ်းတမ်းတာကိုတွေ့မှ အဆင်ပြေကြတယ်။သူ အဆင်ပြေအောင်ကြိုးစားနေနေပါလားဆိုတာတော့မတွေးပေးဘူး။ အဲ့လူထဲကတချို့ဆို တကယ်ကကိုယ့်ထက်တောင်အဆင်ပြေနေသေးတာ။အံမယ် အလုပ်လေးလုပ်လိုက် ပွဲလေးသွားလိုက် စားလိုက်သောက်လိုက်နဲ့ပေါ့။
တကယ်အဆင်မပြေတဲ့သူက အင်တာနက်ထိုင်သုံးဖို့တောင်အဆင်ပြေမနေဘူး။ ဘဝမှာအဲ့လိုလဲနေဖူးတယ်အင်တာနက်သုံးဖို့မပြောနဲ့ အင်တာနက်ကရှိကိုမရှိတာ အေးရော။ အယ်ကိုယ်ကတော့ အင်တာနက်ရတဲ့နေရာကိုရောက်အောင်သွားသုံးတဲ့အခါကျ သူတို့က “လိုင်းကနှေးတယ်တွေ ပီဇာလေးစားချင်တာ အချဉ်ပေါင်းလေးဘယ်ဟာကောင်းတာ Live ရောင်း စျေးဝယ်နေတာတွေ့တော့ လိုင်းသုံးတာလေးပိတ်ပြီးစိတ်မကောင်းပဲပြန်ခဲ့ရသေးတာတွေ ဘယ်သူကသိကြတုန်း။ ပြောပါအုံး။ အခုအပြစ်ပြောပြောနေတဲ့သူတွေက ဘယ်နားကပြောနေတာလဲသိချင်မိပြန် ။ ဟိုအကိုကြီးဆူရင်တော့တမျိုးပေါ့နော်။ ဟိုတလောက အိမ်မရောက်တာကြာပြီလို့တင်မိတာ အမလေး
သူနဲ့တလမ်းထဲနေတာတွေဘာတွေထရေးသေးတာ။ အဲ့လိုအိမ်မှာတွေ့ရင် လက်တို့ပြီးလာသာခေါ်အမရေကျမကနှိပ်ပေးပြီး ထမင်းပါအန်ထွက်အောင်ကျွေးချင်တာလို့ပဲပြန်ပြောချင်တယ်။ စိတ်လျော့လိုက်ပါတယ်။ သူ့မှာနတ်သမီးကို သက်ရှိထင်ရှားမြင်ရတဲ့ဇာတာမပါလောက်ဘူးဆိုပြီး။နောက်တော့အနုပညာသမားဆို ငါတို့ပြောသမျှ ဆဲသမျှတဖက်ပိတ်ပြီးခံကိုခံရမယ်ဆိုတာမဟုတ်သေးဘူး။ဘာလို့လဲဆို အနုပညာရှင်တွေလဲလူပဲ သည်းခံတာအတိုင်းအတာရှိနေတာပဲ။ သူ့အနုပညာနဲ့ပါတ်သတ်ပြီးဝေဖန်တာ ဆန္ဒပြုတာလက်ခံလို့ရတယ်။ လူကိုတိုက်ခိုက်တာတော့ လက်မခံသင့်သလို လက်ခံစရာအကြောင်းကိုမရှိတာ။ချစ်တဲ့သူတွေအားပေးစကားပြောတဲ့သူတွေလည်းအများကြီးမို့ခွန်အားရခဲ့တာတော့အမှန်ပါပ။ အဲ့အတွက်လည်းကျေးဇူးတင်တယ်နော်။ ကဲပါ ကျမအားနေလို့ပျင်းတော့လဲ ရေးမိရေးရာဘာညာသာရကာ နေကြာကွာစိလျောက်ရေးတာပေါ့နော်ဆက်ရေးအုံးမှာ Ps: အဝတ်တထည်ကိုယ်တခုနဲ့ထွက်သွားလို့အထည်တောင်သူများဝယ်ပေးလို့ဝတ်ရတာ သဘောပါလား ဆိုပြီးရေးသားထားခဲ့တာပါ။