ခံစားချက်အပြည့်နဲ့ သီချင်းဆိုနေတဲ့ ချစ်ဇနီးလေးရဲ့ပါးလေးကို အသည်းတွေယားပြီး အာဘွားပေးလိုက်တဲ့ အောင်လရဲ့ဗီဒီယိုဖိုင်

အနုပညာလောကမှာလည်းအောင်မြင်မှုတွေများစွာရရှိထားပြီး ပျော်ရွှင်စရာအိမ်ထောင်ရေးဘဝကိုပိုင်ဆိုင်ထားတာကတော့ အောင်လနဲ့ဝိုင်းစုတို့ပဲဖြစ်ပါတယ်။သူတို့ကတော့မြန်မာနိုင်ငံရဲ့အားပေးမှုအများဆုံးရရှိထားတဲ့သူတွေလည်းဖြစ်ပါတယ်။ ယနေ့အချိန်ထိလူငယ်ပရိသတ်တွေကြားမှာ သူတို့သီချင်းလေးတွေကရေပန်းစားလူကြိုက်များနေတုန်းပါ။

သူတို့နှစ်ယောက်ဟာခုချိန်မှာတော့ အနုပညာအလုပ်တွေကိုခဏနားပြီး online ကနေစျေးလေးရောင်းနေတာပါ။ မုန့်ဟင်းခါး၊ ကြက်သံပုံးကင်လေးတွေရောင်းနေတာဖြစ်ပြီး အားပေးသူတွေကလည်းတစ်ခဲနက်ပါ။ ဒါကြောင့်လည်းအပင်ပန်းခံပြီး စားသုံးသူတွေအတွက်ကြိုးစားနေတာပါ။

တစ်ခါတလေမှာတော့ ပရိသတ်တွေကို လူမှုကွန်ရက်ကနေသီချင်းလေးဆိုပြီးဖျော်ဖြေပေးလေ့ရှိတာပါ။ ခုမှာလည်း အောင်လကဂစ်တာလေးတီးပြီးဝိုင်းစုကသီချင်းလေးဆိုပြထားတာပါ။ သူတို့နှစ်ယောက်ကိုချစ်တဲ့ပရိသတ်တွေလည်း ဝိုင်းစုရဲ့သီချင်းလေးကိုနားထောင်ဖို့တင်ဆက်ပေးလိုက်ရပါတယ်။

Leave a Reply

Your email address will not be published.