တစ်ချိန်ကအလှမယ်တစ်ယောက်ဖြစ်ခဲ့တဲ့သင်းသင်းကတော့ တစ်နေ့က ဖမ်းစီးခြင်းခံခဲ့ရပါတယ်။ သူမရဲ့အိမ်ကိုဧည့်စာရင်း စစ်မယ်ပြောပြီးမှ အတင်းအကျပ်ဝင်ရောက်ဖမ်းဆီးသွားခဲ့တာပါ။ သူမဟာစစဖြစ်ခြင်းမှာ live လွှင့်နေခဲ့ပေမယ့် ဖုန်းကိုအတင်းအကျပ်ဝင်လာပြီးပျောက်သွားခဲ့တာပါ။
အဆိုပါသတင်းဟာလူမှုကွန်ရက်မှာတော်တော်လူသိများသွားခဲ့ပြီး ပရိသတ်တွေစိတ်ပူခဲ့ရတာပါ။ ခုနောက်ပိုင်းမှာ အနုပညာရှင်တစ်ချို့ရဲ့အိမ်တွေကိုချိတ်ပိတ် လူတွေကိုဖမ်းဆီးလေ့ရှိတာကြောင့် ပိုစိတ်ပူနေခဲ့ရတာပါ။ ဒါမယ့်မနေ့ညပိုင်းကတော့ သင်းသင်းဟာ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။
လွတ်မြောက်ပြီးခြင်းမှာလည်း ပရိသတ်တွေနဲ့ချက်ခြင်းLiveလွှင့်စကားပြောခဲ့ပါသေးတယ်။ ဖမ်းခေါ်သွားပြီးနောက်ဖုန်းကိုစစ်ဆေးမေးမြန်းတာလောက်သာ ပြောပြခဲ့ပြီး အသေးစိတ်ဖြေကြားခြင်းမရှိပဲငိုနေခဲ့တာဖြစ်ပါတယ်။ ပရိသတ်တွေလည်းသူဘာတွေပြောခဲ့လဲဆိုကတော့ အောက်က video လေးကိုကြည့်ပြီးအားပေးစကားပြောသွားကြပါဦးနော်။