ပရိသတ်တွေအားကျပြီးချစ်နေရတဲ့စိန်ဖြိုးနဲ့ရီတို့စုံတွဲလေးကတော့ လက်ထပ်သွားခဲ့ပြီဖြစ်ပါတယ်။ သူတို့ကတော့ ပထမက လက်ထပ်ပွဲလုပ်ဖို့စီစဥ်ထားခဲ့ပေမယ့် ကိုဗစ်အခြေနေတွေကြောင့် နောက်ဆုတ်ခဲ့ရတာပါ။ ဒါမယ့်ခုမှာတော့ မဂ်လာဦးဆွမ်းကျွေးလေးကိုပြုလုပ်ခဲ့တာပါ။
သူတို့နှစ်ယောက်ဟာတစ်ယောက်ကိုစနောက်တဲ့Video လေးတွေနဲ့ ပရိသတ်တွေကြားလူသိများလာတာပါ။နောက်ပိုင်းမှာအားပေးချစ်ခင်တဲ့ပရိသတ်တွေကလည်းများလာပြီး သူတို့စနောက်နေတဲ့ချစ်စရာvideo လေးတွေကိုစောင့်မျှော်နေကြတာပါ။ တစ်ယောက်ကိုတစ်ယောက်ဆေးထိုးစနောက်နေပေမယ့်လည်း စိတ်ဆိုးတာမရှိပဲချစ်နေကြတာပါ။
လူမှုကွန်ရက်မှာလည်းသူတို့ရဲ့ပျော်စရာပုံရိပ်လေးတွေကြောင့် လည်းပရိသတ်တွေကအားကျနေရတာပါ။ခုမှာလည်း သူ့တို့မင်္ဂလာဦးဆွမ်းကျွေးလေးကို Youtube video လေးတင်ပေးထားတာပါ။ ပရိသတ်တွေလည်းချစ်ရတဲ့သူတို့နှစ်ယောက် video လေးကိုကြည့်ပြီးချစ်ပေးကြပါဦးနော်။