ဦးနှောက်နဲ့ရွေးချယ် ဆုံးဖြတ်သွားတဲ့ ရည်းစားဟောင်းရဲ့လုပ်ရက်တွေကို ထိထိမိမိပြန်လည် တုံ့ပြန်ချေပလိုက်တဲ့ ဆိုဖီယာ

Myanmar Idol ပြိုင်ပွဲကနေ ပရိသတ်တွေအားပေးမှုရရှိကာအောင်မြင်လာတာကတော့ ဆိုဖီယာပဲဖြစ်ပါတယ်။ သူမရဲ့သီချင်းလေးတွေကလည်း လူငယ်ပရိသတ်တွေအားပေးမှုအများဆုံးရရှိထားတာပါ။ သူရိုက်ကူးခဲ့တဲ့ MTV တိုင်းကလည်းလူမှုကွန်ရက်မှာရေပန်းစားပြီး ပါးစပ်အဟောင်းသားဖြစ်စေခဲ့တာပါ။

နောက်ပိုင်းမှာတော့သူမဟာသီချင်းသစ်တွေထွက်ဖို့ဝေကွာသွားခဲ့တာပါ။ ဒါပေမယ့်လည်းလူမှုကွန်ရက်ကနေပုံရိပ်လေးတွေကိုတော့အမြဲတင်ပေးလေ့ရှိနေတာပါ။ သူမပုံရိပ်တိုင်းမှာလည်း အားပေးသူပရိသတ်များစွာရှိနေတာပါ။ ကောင်လေးတွေအများစုရဲ့စိတ်ဝင်စားမှုကိုခံရပြီ ချစ်စရာကောင်းနေတာပါ။

ခုမှာတော့သူမဟာဒူဘိုင်းမှာရောက်ရှိနေထိုင်နေတာပါ။ မကြာသေးမီကလည်း လူမှုကွန်ရက်မှာသူတင်တဲ့စာသားလေးတွေကြောင့် ပရိသတ်တွေစိတ်ပူခဲ့ရတာပါ။ သူမရဲ့ချစ်သူကောင်လေးနဲ့လမ်းခွဲခဲ့တာဖြစ်ပါတယ်။ခုမှာလည်းလမ်းခွဲခဲ့တဲ့ချစ်သူလေးကိုစာလေးတစ်ကြောင်းနဲ့တုန့်ပြန်လိုက်တာပါ။ ယောကျားလေး တွေ နောက်ဆုံး ကျ ခေါင်းသုံးပြီး ဆုံးဖြတ်သွားကြတာနော် ဘဝအတွက် အမတို့နှမတို့ တွေ ရေ ခေါင်းသုံး ခေါင်းသုံး ကိုယ့်ကိုကိုယ်လည်း ပြန်ဆုံးမ ဆိုပြီးရေးသားထားခဲ့တာပါ။

Leave a Reply

Your email address will not be published.