ပရိသတ်တွေချစ်ကြီးအားပေးနေကြတဲ့ စည်ဖြိုးလှိုင်နဲ့ရီရီပွင့်ဖြူတို့စုံတွဲလေးကတော့ မကြာခင်ရက်ပိုင်းလေးက မဂ်လာဦးဆွမ်းကျွေးလေးပြုလုပ်သွားခဲ့တာပါ။ ကိုဗစ်တွေကြောင့်လက်ထပ်ပွဲကျင်းပဖို့နောက်ဆုတ်ခဲ့ကြပေမယ့် မဂ်လာဦးဆွမ်းကျွေးလေးကိုတော့ပြုလုပ်ခဲ့ပါတယ်။ ကိုဗစ်ကာလအခြေနေတွေကြောင့် စည်းမျဥ်းတွေလိုက်နာပြီးလုပ်ခဲ့တာပါ။
သူတို့နှစ်ယောက် လက်ထပ်သွားတာကိုလည်းပရိသတ်တွေက ကြည်နူးမဆုံးဖြစ်နေရတာပါ။ သူတို့နှစ်ယောက်ဟာတစ်ယောက်ကိုတစ်ယောက်စနောက်ပြီး ပျော်ရွှင်စရာပုံရိပ်လေးတွေကပရိသတ်တွေကိုအချစ်တွေပိုစေတာပါ။ သူတို့တစ်ယောက်ကိုတစ်ယောက်စနောက်တဲ့ video လေးတွေကိုလည်း လူမှုကွန်ရက်မှာအမြဲတင်ပေးလေ့ရှိတာပါ။
စိန်ဖြိုးဟာ ရီကိုတင်အမြဲစနောက်တာမဟုတ်ပဲ အမဖြစ်သူတွေနဲ့ အမဖြစ်သူခင်ပွန်းကိုပါစနောက်လေ့ရှိပြီးလူမှုကွန်ရက်မှာတင်လေ့ရှိတာပါ။ ခုမှာလည်း သူရဲ့အမတစ်ယောက်ဖြစ်တဲ့ မြတ်စံပယ်လှိုင်ရဲ့လက်ဖွဲ့လေးကိုတင်လိုက်တာဖြစ်ပါတယ်။ ဘယ်လိုလက်ဖွဲ့လေးလဲဆိုတာကတော့ အောက်ကပုံရိပ်လေးတွေကြည့်ပြီးချစ်ပေးကြပါဦးနော်။