မနေ့ညက Live Sale လေးမှာ နာရီပိုင်းအတွင်း သိန်း(၁၅၀၀)ကျော်ရောင်းချနိုင်ခဲ့တဲ့အထိ ဝက်ဝက်ကွဲအောင်မြင်ခဲ့တဲ့ မေပန်းချီရဲ့ဗီဒီယိုဖိုင်

ချစ်စရာကောင်းတဲ့ပုံရိပ်လေးတွေအပြင်အမိုက်စားပုံရိပ်လေးတွေကြောင့် ပရိသတ်တွေအမြဲချစ်နေရတာကတော့ မေပန်းချိပဲဖြစ်ပါတယ်။သူမကတော့ ယောက်ျားလေးပရိသတ်အများစုရဲ့အားပေးမှုကိုရထားရုံသာမက မိန်းကလေးပရိသတ်တွေရဲ့အချစ်တွေပါသိမ်းပိုက်ထားတာပါ။ အနုပညာလောကမှာ ဆယ်စုနှစ်ကျော်ကြာအောင်မြင်မှုတွေလည်းရရှိထားပြီးဖြစ်ပါတယ်။

သူမဟာခုလိုပရိသတ်နဲ့ဝေးနေချိန်လေးမှာလည်း လူမှုကွန်ရက်ကနေပုံရိပ်လေးတွေတင်ပေးလေ့ရှိတာပါ။ အနုပညာအလုပ်တွေနားထားရချိန်တစ်ခြားအလုပ်တွေကိုလည်းကြိုးစားလုပ်နေတာပါ။ သူ့ရဲ့ကြိုးစားမှုတွေကြောင့်လည်း သူမစိတ်တိုင်းကျအိမ်လေးဟာမကြာခင်ပြီးစီးတော့မှာဖြစ်ပါတယ်။

ခုမှာလည်းသူ့ရဲ့ကြိုးစားမှုတစ်ခုကြောင့်ပရိသတ်တွေအားကျစေတဲ့အရာတစ်ခုကိုထုတ်ပြောခဲ့တာပါ။ ခုနောက်ပိုင်းမှာသူမဟာ Liveလေးလွှင့်စျေးရောင်းနေတာဖြစ်ပြီးညမနေ့က စိန်ရောင်းတဲ့အချိန်အံသြစရာကောင်းအောင်ရောင်းကောင်းခဲ့တာပါ။ဒီနေ့ သိန်း(၁၅၀၀)နီးနီးအတွက် တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်ရှင်။Cbကအော်ဒါတွေမပါသေးတာတောင် ဒီလောက်ဝယ်ယူအားပေးကျလို့ အရမ်းဝမ်းသာပါတယ်။khin thuzar lwin စိန်ဆိုင်အတွက်ဝမ်းသာပါတယ် ဆိုပြီးသူမရဲ့လူမှုကွန်ရက်ကနေရေးသားဖော်ပြခဲ့တာပါ။

Leave a Reply

Your email address will not be published. Required fields are marked *