ဆရာတော်တွေ ရှေ့ဖြစ်ဟောထားသော အသက်(၄၃)နှစ်မှာ ဖြစ်လာမယ့် သူ့ရဲ့ကံတရားကို အားလုံးသိအောင် ဖွင့်ပြောလာတဲ့ မင်းမော်ကွန်း

အာဏာရှင်စနစ်ကို အခက်ခဲတွေများထဲကနေပြီးတော့ အဆုံးသတ်ထိတိုက်ပွဲဝင်ဖို့ဆုံးဖြတ်ထားတာကတော့ မင်းမော်ကွန်းပဲဖြစ်ပါတယ်။ ခုမှာလည်းလွတ်မြောက်နယ်မြေတစ်ခုကနေ တော်လှန်ရေးအတွက်ပါဝင်အားဖြည့်နေတာပါ။ အောင်မြင်မှုတွေကိုစွန့် နိုင်ငံကိုမတရားမှုကနေတော်လှန်ဖို့အတွက် မိသားစုလိုက်ပါဝင်တော်လှန်နေတာပါ။

လူမှုကွန်ရက်ကနေလည်း ပရိသတ်တွေကိုတော်လှန်ရေးအတွက် အမြဲအားတက်စေဖို့စာပေးတွေရေးတင်ပေးလေ့ရှိတာပါ။ ခုဒီနေ့သူ့အသက်၄၃ နှစ်ပြည့်လေးမှာသူကြုံခဲ့ရတဲ့ဘဝတွေကိုခုလိုစာလေးရေးသားခဲ့တာပါ။ ကျွန်တော်အသက် ၄၃ နှစ်ပြည့်ပါပြီအမှားတော်တော်များများနဲ့အမှန်တချို့တလေ လုပ်ခဲ့ဖူးပြီ။ကျွန်တော်အသက် ၄၂ အကျော် ၄၃ ထဲဝင်ရင်ဘဝမှာ ကံအဆိုးဆုံးနှစ်အသက်အန္တရာယ်ပါ။စိုးရိမ်ရတဲ့နှစ်လို့ဆရာတော်တော်များများကတိုက်ဆိုင်စွာပဲကြိုဟောထားပါတယ်။ပြန်ကြည့်ရအောင်ကံကတော့သေအောင်ဆိုးပါတယ်ဒါပေမယ့်တစ်တိုင်းပြည်လုံး ကံဆိုးမိုးမှောင်ကျပြီးစုတ်ပြတ်သတ်ဘဝတွေပျက်နေကြတာတစ်ချို့ဆိုအသက်ပါပေးခဲ့ရတာကျွန်တော်တစ်ယောက်တည်းကံဆိုးခဲ့တာလို့

ထူးပြီးမသတ်မှတ်ခဲ့ပါဘူးပြည်သူနဲ့အတူပေါ့။ဒါပေမယ့်အမှားများစွာနဲ့ကျွန်တော်ဟာတစ်သက်လုံးအမှတ်ရနေမယ့်အမှန်တရားတစ်ခုကိုလုပ်ခဲ့ဘူးပြီဓမ္မနဲ့အဓမ္မမှာအားနည်းနေတဲ့ဓမ္မဘက်ကရပ်တည်ခဲ့ဘူးပြီကျွန်တော်လုပ်သမျှအကောင်းဆုံတွေထဲမှာဒီအချက်ကိုအကျေနပ်ဆုံးအပျော်ရွှင်ရဆုံးပါ။ကျွန်တော်ကိုယ့်ကိုကိုယ်သူရဲကောင်းလို့လည်းမထင်မိပါခုထိမှားနေဆဲ အမှားတွေရှိနေတုန်းပါရိုးရိုးသာမန်လူပါပဲဒါပေမယ့်ရောက်လေရာအရပ်မှာတွေ့တဲ့လူတွေရဲ့အားပေးမှုနွေးထွေးကူညီမှုချစ်ခင်မှုစောင့်ရှောင့်မှုအပါအဝင်ခွင့်လွှတ်မှုတွေကိုပါရရှိခဲ့ပါတယ်။ကျွန်တော်နာမည်အကြီးဆုံးအချိန်တောင်ဒီလောက်မရခဲ့ဖူးပါကျွန်တော်သိပ်ကျေနပ်ပါတယ်သိပ်ပျော်ရပါတယ်ကျွန်တော့်မိတ်ဆွေများကိုသိပ်လေးစားချစ်ခင်ပါတယ်။ဆိုတော့ကာပြီးခဲ့တဲ့နှစ်ကကျွန်တော့်ဘဝမှာကံအကောင်းဆုံးနှစ်လို့ထင်ပါတယ်။ကျွန်တော် ၄၃ နှစ်ပြည့်မွေးနေ့မှာကျွန်တော့်ကိုချစ်ခင်ကြသူများအားလုံးဆီကမွေးနေ့လက်ဆောင်တွေအများကြီးလိုချင်ပါတယ်။အခြားမဟုတ်ပါဘူး

ငွေတိုက်စာချုပ်တွေဝယ်ပြီးအိမ်မှာသိမ်းထားကြပါဒါဟာသမိုင်းတွေပါကျွန်တော်တို့ချစ်တဲ့အမိမြန်မာပြည်အတွက်ပါ ဆိုပြီးရေးသားထားခဲ့တာပါ။ သူ့ကိုချစ်တဲ့ပရိသတ်တွေလည်း သူလိုချင်တဲ့မွေးနေ့လက်ဆောင်လေးကိုဝယ်ပေးကြပါဦးနော်။

Leave a Reply

Your email address will not be published.