MTRV-4ဇာတ်လမ်းတွဲလေးတွေကနေပရိသတ်အားပေးမှုတွေရလာတာကတော့ မြတ်သူသူပဲဖြစ်ပါတယ်။ သူမရဲ့ပီပြင်တဲ့ကာရိုက်တာတွေကြောင့်ခုလိုပရိသတ်တွေချစ်ပြီးအားပေး လာတာပါ။MRTV-4 ဇာတ်လမ်းတွဲလေးတွေဟာခုနောက်ပိုင်းပရိသတ်တွေပိုစိတ်ဝင်စားလာကြတာပါ။
မြတ်သူသူဟာ ခုလိုအနုပညာအလုပ်တွေနားနေချိန်လေးမှာလည်းပရိသတ်တွေနဲ့မပြတ်အောင်ရှိနေသူတစ်ယောက်ပါ။ သူမရဲ့လူမှုကွန်ရက်ကနေပုံရိပ်လေးတွေတင်ပေးလေ့ရှိပြီး ပရိသတ်တွေချစ်ပြီးအားပေးနေရတာပါ။ ပရိသတ်တွေချစ်ခင်မှုတွေနဲ့အောင်မြင်မှုတွေရရှိသူတစ်ယောက်ဖြစ်တာကြောင့်လည်း မကြာခဏမနာလိုသူတွေတိုက်ခိုက်မှုကိုခံရတာပါ။
ခုမှလည်းသူမရဲ့ကောင်လေး Messenger ထိလိုက်တိုက်ခိုက်နေတဲ့သူတစ်ယောက်ကို ပညာသားပါပါပြောလိုက်တာဖြစ်ပါတယ်။ ဟယ်တော့ အံ့ဩပ တကူးတက ကျုပ်ရည်းစားဆီ အဲ့လိုလာပြောသေးတာတော် 2 ယောက်မကဘူး အယောက် 200 လောက်ထားခဲ့တော့ရော သူနဲ့ဆိုင်လား ဒီပိုစ့်က အရေးမကြီးပါဘူးနော် ကိုယ့်စိတ်နဲ့တင်ချင်လို့တင်မိတာ ကျော်သွားပေးပါနော်ဆိုပြီးSSလေးတွေချပြလိုက်တာဖြစ်ပါတယ်။