အိုမီခရွန်ရောဂါပျောက်ကင်းသွားပေမယ့် နောက်ဆက်တွဲခံစားနေရတဲ့ ရောဂါရဲ့ဆိုကျိုးတွေကို ဖွင့်ဟပြောပြလာတဲ့ ပိုင်ဇေရဲထွန်းရဲ့ဇနီး

ပရိသတ်တွေအားကျပြီးပျော်ရွှင်စရာကောင်းတဲ့မိသားစုလေးကိုပိုင်ဆိုင်ထားတာကတော့ ဇင်သဲနိုင်တို့မိသားစုလေးပဲဖြစ်ပါတယ်။ သူကတော့ချစ်ခင်ပွန်း ပိုင်ဇေရဲထွန်းနဲ့တူတူ ပျော်ရွှင်စရာကောင်းတဲ့မိသားစုလေးကိုပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ သူတို့ဟာ မြန်မာနိုင်ငံရဲ့ထိပ်တန်းနိုင်ငံကျော်မိသားစုတွေထဲက တစ်ခုလည်းဖြစ်ပါတယ်။

သူတို့ဟာ တစ်ချိန်ကအရမ်းအားကျစရာကောင်းခဲ့ပေမယ့် ဝေဖန်ခံရပြီးနောက်ပိုင်းမှာ ပရိသတ်တွေရှေ့ကအချိန်တော်ကြာပျောက်ခဲ့တာပါ။ အရင်ကလိုအားပေးမှုတွေမရှိတော့ပေမယ့်လည်း ချစ်နေတဲ့ပရိသတ်တွေကရှိနေတုန်းပါပဲ။ ဒါကြောင့်လူမှုကွန်ရက်ကနေပဲ ခင်ပွန်းကိုရိုတဲ့ပုံလေးတွေ မိသားစုပုံလေးတွေကိုတင်ပေးလေ့ရှိတာပါ။

ခုမှာလည်းသူမဟာ ကိုဗစ်ဖြစ်ပြီးနောက်ပိုင်းသူကြုံခဲ့ရတဲ့အကျိုးဆက်လေးကိုဝေမျှထားတာပါ။ ကိုဗစ်နောက်ဆက်တွဲက ငပျင်းရောဂါစွဲစေတာလားဟင် တစ်ချိန်လုံးနှုံးချိပြီး ပျင်းရိနေတယ်…ညညဆိုအိပ်မပျော် နေ့ဆိုတစ်နေ့လုံးခေါင်းကမကြည် လေးပင်နေရော…

တစ်ရက်လောက်ဖုန်းမမိ… လိုင်းသုံးမရတဲ့နေရာတစ်ခုသွားပြီးနားချင်တယ်…ဆိုပြီးရေးသားဖော်ပြထားတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published.