ရည်းစားအဖြစ် ရှေ့ဆက်လက်တွဲဖို့မဖြစ်နိုင်တဲ့အတွက် တောင်းပန်နေတဲ့ ချစ်သူအား စကားတစ်ခွန်းပြောပြီး တုံ့ပြန်လိုက်တဲ့ ရီရီပွင့်ဖြူ

စိန်ဖြိုးနဲ့ရီ ကတော့လက်ရှိပရိသတ်ကြီးအမြဲချစ်အားပေးနေရတဲ့ သူနှစ်ယောက်​ဖြစ်ပါတယ်။ သူတို့နှစ်​ယောက်ကတော့ချစ်သူသက်တမ်းကိုလည်းနှစ်ပေါင်းများစွာကြာဖြတ်သန်းပြီးနောက် မကြာသေးခင်ကမှ လက်ထပ်ထားခဲ့တာပါ။ ဒါကြောင့်လည်းပရိသတ်တွေပိုချစ်နေရတာပါ။

သူတို့နှစ်ယောက်ကတစ်ယောက်ကိုတစ်ယောက်အမြဲဆေးထိုးလေ့ရှိတာပါ။ တစ်ယောက်ကိုတစ်ယောက် တလွဲပုံလေးတွေ ဆေးထိုးတဲ့video လေးတွေကိုအပြန်အလှန် လူမှုကွန်ရက်မှာတင်လေ့ရှိတာပါ။ အဆိုပါပုံရိပ် video လေးတွေကိုပရိသတ်တွေကြည့်ပြီးချစ်မဝဖြစ်နေရတာပါ။

ခုမှာလည်း ပရိသတ်တွေအံ့သြသွားလောက်အောင်စနောက်လိုက်တာပါ။နင်နဲ့ငါရှေ့ဆက်ပြီးရီးစားဖြစ်ဖို့မဖြစ်နိုင်တော့ဘူး ငါတောင်းပန်ပါတယ်ဆိုပြီး စိန်ဖြိုးကတင်ထားတာဖြစ်ပြီး ရီရီပွင့်ဖြူကလည်းမန့်ကနေပြီး ငါလည်းတောင်းပန်ပါတယ် ပေါတောတောတွေတင်တာရပ်ပေးပါဆိုပြီးစနောက်ထားတာပါ။ ပရိသတ်တွေလည်းတစ်နေ့တစ်မျိုးမရိုးရအောင်ကိုရီနေကတဲ့သူတို့နှစ်​ယောက်ကိုပိုချစ်ပေးကြပါဦးနော်။

Leave a Reply

Your email address will not be published.