ပရိသတ်တွေအားကျပြီးပျော်ရွှင်စရာမိသားစုဘဝလေးကိုပိုင်ဆိုင်ထားတာကတော့ စည်ဖြိုးနဲ့ခင်လွှမ်းတို့မိသားစုလေးပဲဖြစ်ပါတယ်။ သူတို့ဟာ ယခုချိန်မှာ ချစ်စရာကောင်တဲ့သမီးလေးနဲ့တူတူပျော်ရွှင်စရာအချိန်လေးတွေကိုဖြတ်သန်းနေတာပါ။ သူတို့ဟာ လက်မထပ်ခင်ကတည်းက ပရိသတ်တွေအားကျရတဲ့သူတွေလည်းဖြစ်ပါတယ်။
ခုလက်ထပ်ပြီးတဲ့အချိန်မှာလည်းသူတို့ကိုအားမကျပဲမနေနိုင်အောင်ဖြစ်နေတာပါ။ တစ်ယောက်ကိုတစ်ယောက်လည်း အမြဲဂရုစိုက်ချစ်ပြီး စည်ဖြိုးရဲ့မိဘတွေကလည်း ခင်လွှမ်းကိုသမီးလေးတစ်ယောက်လိုချစ်တာကြောင့်မိန်းကလေးတိုင်းအားကျနေရတာပါ။သူတို့နှစ်ယောက်ပုံရိပ်လေးတွေvideo လေးတွေကိုလည်းလူမှုကွန်ရက်မှာတင်ပေးလေ့ရှိပြီးချစ်မဝဖြစ်နေရတာပါ။
ခုမှာလည်း Live လေးလွှင့်ပြီးစျေးရောင်းရင်း ပျော်စရာကောင်းအောင်စနောက်နေတာပါ။ နောက်ဆုံးမှာ ကျွန်တော်ချောလားဆိုပြီးစနောက်နေတာလေးကလည်းချစ်ဖို့ကောင်းနေတာပါ။ နှစ်ယောက်ဘယ်လိုတောင်ချစ်ဖို့ကောင်းလဲဆိုတာကတော့အောက်က video လေးကိုကြည့်ပြီးချစ်ပေးကြပါဦးနော်။