နေခြည်ဦးဆိုတာနဲ့မြန်မာနိုင်ငံရဲ့ပရိသတ်တွေစိတ်ဝင်စားမှုကိုအများဆုံးရထားတဲ့ Celeတစ်ဦးဖြစ်ပါတယ်။ သူမဟာ မိန်းကလေးပရိသတ်အများဆုံးအားပေးမှုကိုရရှိထားပြီး ကောင်လေးအများစုရဲ့အားပေးမှုကိုလည်းရရှိထားတာပါ။ ဒါပေမယ့်လည်း အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ သူမဟာဝေဖန်မှုတွေများစွာခံခဲ့ရတာပါ။
ဒါကြောင့်လည်း လူမှုကွန်ရက်ကနေအချိန်တော်ကြာပျောက်သွားခဲ့တာပါ။ နောက်ပိုင်းမှာတော့ ပရိသတ်ရှေ့ပြန်ရောက်လာခဲ့ပြီး လူမှုကွန်ရက်မှာ ပုံရိပ်လေးတွေတင်လေ့ရှိတာပါ။ ခုမှာတော့ သူမဟာ ဒူဘိုင်းကိုရောက်ရှိနေတာဖြစ်ပြီး ကျောက်မျက်ရတနာသင်တန်းတက်နေတာပါ။
အမြဲပညာတစ်ခုခုကို ကြိုးစားတက်ရောက်တဲ့သူမဟာ ခုမှာ လည်းသင်တန်းကိုအောင်မြင်စွာတက်ရောက်ပြီးစီးခဲ့တာပါ။ သူသင်တန်းဆင်းတဲ့ပုံရိပ်လေးတွေကိုလည်း လူမှုကွန်ရက်မှာတင်ထားခဲ့တာပါ။ ပရိသတ်တွေရှေ့ဘယ်လိုထူးခြားတဲ့ပုံစံတွေနဲ့ရောက်လာမလဲဆိုတာကတော့ ရင်ခုန်စွာနဲ့စောင့်မျှော်ကြည့်ပေးပါဦးနော်။