အရွယ်နဲ့မလိုက်အောင် စိတ်ကောက်တတ်တဲ့ သမီးလေးရဲ့အပြုအမူလေးကို အသည်းတွေယားပြီး ဗီဒီယိုလေးလှမ်းရိုက်ထားတဲ့ သဉ္ဇာနွယ်ဝင်း

ပရိသတ်တိုင်းအားကျရတဲ့ မိသားစုလေးကိုပိုင်ဆိုင်ထားတာကတော့ သဥ္ဇာနွယ်ဝင်းပဲဖြစ်ပါတယ်။ သာလေးတစ်ယောက်၊သမီးလေးတစ်ယောက်နဲ့တူတူ မိသားစုဘဝလေးက အားကျဖို့ကောင်းနေတာပါ။ သားလေးမွေးဖွားချိန်ကတည်းက ပရိသတ်တွေမှာ ချစ်မဝဖြစ်ခဲ့ရပြီး ခုသမီးလေးမွေးဖွားပြီးနောက်ပိုင်းမှာလည်းချစ်နေရတာပါ။

သဉ္ဇာနွယ်ဝင်းဟာ အိမ်ထောင်မကျခင်က အနုပညာလောကမှာ အောင်မြင်မှုတွေသိမ်းပိုက်နိုင်ခဲ့တဲ့မင်းသမီးတစ်ဦးပါ။ အိမ်ထောင်ကျပြီးနောက်ပိုင်းမှာတော့ အနုပညာလောကနဲ့ဝေးသွားခဲ့တာပါ။ ဒါပေမယ့်လည်း လူမှုကွန်ရက်ကနေပုံရိပ်လေးတွေတင်ပေးလေ့ရှိပြီး ပရိသတ်နဲ့မပြတ်ရှိနေတာပါ။

ကလေးတွေမွေးဖွားပြီးနောက်ပိုင်းမှာလည်း ကလေးတွေVideo လေးကိုလူမှုကွန်ရက်ပေါ်တင်ပေးလေ့ရှိပြီးချစ်နေရတာပါ။ ခုမှာလည်းသမီးလေးစိတ်ကောက်ပြီး မေမေခေါ်တာတောင်ပြန်မကြည့်ပဲလမ်းတွေလျောက်နေတဲ့ video လေးကိုတင်ထားတာပါ။ မေမေသဥ္ဇာနွယ်ဝင်းကိုဘယ်လိုတောင်စိတ်ကောက်လဲဆိုတာကတော့အောက်က video လေးကိုကြည့်ပြီးချစ်ပေးကြပါဦးနော်။

Leave a Reply

Your email address will not be published.