ဗီဒီယိုဇာတ်ကားတွေ၊ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ သူမရဲ့ကာရိုက်တာတွေကြောင့် ပရိသတ်အားပေးမှုတွေများစွာရရှိထားတာကတော့ မေကဗျာပဲဖြစ်ပါတယ်။ အနုပညာလောကမှာ နှစ်ပေါင်းများစွာကြာအောင်မြင်မှုတွေကိုရရှိကာအောင်မြင်သူတစ်ယောက်အဖြစ်ရပ်တည်နိုင်တာပါ။ ယနေ့ချိန်ထိသူ့ကိုအားပေးတဲ့ ပရိသတ်တွေလည်းအများအပြားဖြစ်ပါတယ်။
ခုနောက်ပိုင်းမှာတော့သူမဟာ Liveလေးတွေလွှင့်ပြီးစျေးရောင်းနေတာပါ။ သူမရဲ့ Live saleလေးတွေမှာလည်းအားပေးသူအပြည့်ပဲဖြစ်ပါတယ်။ ဒါကြောင့်ပရိသတ်တွေ ချစ်ရတဲ့သူတွေက သူမကိုရုပ်ရှင်မရိုက်ဘူးလားဆိုပြီးမေးနေကြတာပါ။ ရုပ်ရှင်ရိုက်ဖို့ကိစ္စကိုတော့သူမဟာ ခုလိုပဲသူမရဲ့လူမှုကွန်ရက်ကနေဖြေရှင်းခဲ့ပါတယ်။
မနေ့ကဖြစ်သည်ကဗျာ့ကို လာအပ် vedio vlog လေးတွေဆိုသေချာရိုက်ရမှကျေနပ်တဲ့ကျမ ရတာနည်းနည်းအိပ်စိုက်တာများများပါ။အနုပညာလောကထဲရောက်ထဲက ဘာလုပ်လုပ်အမြဲအိမ်ကစိုက်ပေးရတယ် ထုတ်ပေးရတယ်။ အခုလည်း အကောင်းကြိုက်တာရယ် ကိုယ့်လုပ်ငန်းရှင် ကို့coustmer တွေကို အမြဲအကောင်းဆုံးတွေပဲပေးချင်တော့ စိုက်ရတုန်းပဲပေါ့၊ဒါပေမဲ့ကျေနပ်ပါတယ် အစစစီစဉ်ပေးတဲ့ ဦးဆွေ ရဲရဲမဇာကျေးဇူးပါ။ကဗျာ့ကိုကားမရိုက်တော့ဘူးမေးနေကြတဲ့သူတွေအတွက် ကဗျာ ကားရိုက်ဖို့ အသက်အရွယ်တခုရောက်လာတော့မရိုက်ဖို့ တော်တော်များများသေချာနေပါပီ ဆိုပြီးရှင်းလင်းခဲ့တာဖြစ်ပါတယ်။