လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ဒီနေ့ညနေပိုင်းတွင် လွှတ်ပေးမယ်လို့ သတင်းကြားနေရသော ပြည်သူချစ် နာမည်ကြီးအနုပညာရှင်များ

မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက်ပိုင်း လူအများအပြားထိန်းသိမ်းခံခဲ့ရပါတယ်။ အဲ့အထဲမှာ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ ၊ ပြည်သူတွေနဲ့ နိုင်ငံကျော်သရုပ်ဆောင်တွေများစွာဖမ်းဆီးထိန်းသိမ်းခဲရတာပါ။ အဲ့ထဲမှာ နိုင်ငံကျော်တွေဖြစ်တဲ့ ပြေတီဦး၊အိ​န္ဒြာကျော်ဇင်၊ လူမင်း၊ပိုင်တံခွန်၊ ဝင်းမင်းသန်း၊ ဒါရိုက်တာဝိုင်းတွေအပြင်တစ်ခြားနာမည်ပြီးအနုပညာရှင်တွေလည်းထိန်းသိမ်းခံထားရတာပါ။

သူတို့ဟာဖမ်းဆီးထိန်းသိမ်းခံရတာ အာဏာသိမ်းပြီးအချိန်ကတည်းကစပြီးခုဆို အချိန်တော်ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။မကြာခဏ လွတ်မယ်သတင်းတွေထွက်ခဲ့ပေမယ့် မလွတ်သေးတာကြောင့်ပရိသတ်တွေမျှော်နေရတုန်းပါ။ ခုမှာတော့ ပရိသတ်တွေမျှော်နေတဲ့သတင်းကောင်းဟာခုမှာရောက်ရှိလို့လာခဲ့ပြီဖြစ်ပါတယ်။

ပုဒ်မ ၅၀၅-က နဲ့ထောင်ဒဏ်သုံးနှစ်စီ ချမှတ်ခံထားရတဲ့ အကယ်ဒမီ ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ သရုပ်ဆောင်လူမင်း၊ ပိုင်တံခွန်၊ မဝင်းမင်းသန်းနဲ့ မကြာသေးခင်က ဖမ်းဆီးခံထားရတဲ့ ဒါရိုက်တာဝိုင်းတို့ကို ဒီနေ့မတ်လ ၂ မှာ လွှတ်ပေးမယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပါတယ်။ ဘာအထိမ်းအမှတ်မှမရှိဘဲ ဒီတိုင်းလွှတ်ပေးတာဖြစ်ပြီးဘာကြောင့် လွှတ်တယ်ဆိုတာ အသေးစိတ်မပြောဘဲလွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တယ်လို့ သူက ပြောပါတယ်။ ဒီနေ့လွှတ်ပေးမယ့်သူတွေထဲမှာမလေးရှားနိုင်ငံသားတစ်ဦးလည်း ပါဝင်တယ်လို့ သူက ဆက်ပြောပါတယ်။ အခုလွှတ်ပေးမယ့်အထဲမှာ အဆိုတော်ပိုပိုနဲ့ ရဲတိုက်တို့ပါဝင်ခြင်းမရှိတာကိုတွေ့ရပါတယ်။

အဆိုတော်ပိုပိုဟာလည်း ပုဒ်မ ၅၀၅-က နဲ့ထောင်ဒဏ်သုံးနှစ် စစ်ကောင်စီကချမှတ်ထားပြီး သရုပ်ဆောင်ရဲတိုက်ကလည်း နောက်ထပ်အမှုတစ်ခုနဲ့ထပ်မံရင်ဆိုင်နေရတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *