ခယ်မလေးဇနီးမောင်နှံနှစ်ယောက်လုံး နေအိမ်သို့ အန္တရာယ်ကင်းစွာဖြင့် ပြန်လည်ရောက်ရှိပြီဖြစ်ကြောင်း အသိပေးလိုက်တဲ့ အူဝဲရဲ့ခဲအို

မတရားအာဏာသိမ်းမှုကို လက်မခံပဲ တွန်းလှန်တော်လှန်ရင် ဖမ်းဆီးထိန်းသိမ်းခြင်းကိုခံခဲ့ရသူထဲမှာ အိန္ဒြာကျော်ဇင်လည်းအပါအဝင်ပဲဖြစ်ပါတယ်။ အာဏာသိမ်းပြီးမကြာခင်ကတည်း ဖမ်းဆီးခံခဲ့ရတာကြောင့် ခုမှာအချိန်အား​ဖြင့်တစ်နှစ်ကျော်ကြာခဲ့ပြီဖြစ်ပါတယ်။ သူတို့ရဲ့မိသားစုတွေပရိသတ်တွေကလည်း သူမတို့အမြန်ဆုံးလွတ်မြောက်လာဖို့ကိုဆုတောင်းပေးနေကြတာပါ။

အကျဉ်းသားလွှတ်ဖို့ ကြော်ငြာတိုင်းလည်း ပရိသတ်တွေကအမြဲ သူတို့လွတ်မြောက်ဖို့မျှော်မှန်းနေကြတာပါ။ အခါခါလွတ်မြောက်မယ်ဆိုသတင်းတွေထွက်ပြီးမလွတ်မြောက်ခဲ့ပေမယ့်ခုမှာတော့သူမဟာတစ်ကယ်လွတ်မြောက်လာခဲ့ပြီဖြစ်ပါတယ်။ ဒီနေ့မနက်ပိုင်းမှာ စစ်ကောင်စီဘက်ကသတင်းထုတ်ပြန်ခဲ့တာပါ။

သူမနဲ့တူတူ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့နာမည်ကျော်တော်တော်များများလည်းလွတ်မြောက်ခဲ့ပြီဖြစ်ပါတယ်။ ခုမှာဆိုလည်း အူဝဲဟာလွတ်မြောက်ပြီး သူမရဲ့အိမ်ကိုပြန်ရောက်ရှိလာပြီဖြစ်ပါတယ်။ ကလေးတွေနဲ့လည်းတူတူရှိရတော့မှာဖြစ်တာကြောင့် အကုန်လုံးဝလည်းဝမ်းသာကြည်နူးနေကြတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published.