ဝန်ကြီးများရုံးထဲတွင် ကျင်းပတဲ့မင်္ဂလာဆောင်တစ်ခုတွင် အနုပညာရှင်မောင်နှမများနဲ့ ဓာတ်ဖမ်းခဲ့ရတဲ့ အကြောင်းရင်းစုံကို ဖွင့်ဟလာတဲ့ အစ္စဏီ

တစ်ချိန်က အဆိုတော်လောကမှာ အောင်မြင်မှုတွေနဲ့ပရိသတ်အချစ်တွေကိုသိမ်းပိုက်ထားနိုင်ခဲ့တာကတော့ အစ္စဏီပဲဖြစ်ပါတယ်။ သူကတော့ အောင်မြင်မှုတွေရရှိချိန်နေမှာပဲ လူမှုရေးကိစ္စကြောင့် အကျဥ်းချကာဖမ်းဆီးခံလိုက်ရတာပါ။ အချိန်တော်ကြာ အထိန်းသိမ်းခံခဲ့ရတာဖြစ်ပြီး မကြာခင်ကမှလွတ်မြောက်လာခဲ့တာပါ။

လွတ်မြောက်ပြီးနောက်ပိုင်းမှာလည်းပရိသတ်တွေကချစ်နေရတုန်းပါ။ လူမှုကွန်ရက်ကနေလည်း ပုံရိပ်လေးတွေတင်ပေးလေ့ရှိပြီး ပရိသတ်တွေအားပေးချစ်ခင်နေကြတာပါ။ ဒါပေမယ့် မကြာခင်ရက်ပိုင်းက မဂ်လာပွဲတစ်ခုမှာ သူရိုက်ခဲ့တဲ့ပုံလေးတွေကြောင့်ဝေဖန်မှုတွေခံနေရတာဖြစ်ပြီးခုလိုပဲဖြေရှင်းခဲ့တာပါ။

ကျွန်တော်အရမ်းလွမ်းနေတဲ့ကျွန်တော်တို့အနုပညာမောင်နှမတွေ မိသားစုတွေလို ဖြစ်နေကြတဲ့ ကျွန်တော်တို့မောင်နှမတွေလက်ရှိ စိတ်ညစ်နေကြပေမယ့် ပြန်တွေ့ကြတဲ့အခါတစ်ယောက်နဲ့တစ်ယောက်အားပေးရင်း ဆုံခဲ့ကြတယ်။အခက်အခဲတွေကြားက သူတို့ မဂ်လာဆောင်ကြရတာပါဗျာ…မင်္ဂလာဆောင်လေးဖြစ်တဲ့အတွက် မေတ္တာ ရှေ့ထားပီးနားလည်ပေးကြပါခင်ဗျ ..တချို့ထင်သလို ပွဲမျိုးမဟုတ်ရပါဘူး..ရိုးရိုး မဂ်လာဆောင်လေး သက်သက်ပါပဲ …အဲ့ဒါကို ဆဲနေကြတော့လဲ စိတ်မကောင်းဘူး..ကျွန်တော့်ကြောင့် အဆဲခံရတဲ့ ကျွန်တော့်ရဲ့ အနုပညာညီကို မောင်နှမတွေ တောင်းပန်ပါတယ်စိတ်မကောင်းဘူး ဗျာ ဆိုပြီးဖြေရှင်းခဲ့တာပါ။

Leave a Reply

Your email address will not be published. Required fields are marked *