ရောင်နီလာတော့မယ့် မနေ့ည UNက Human Rights Council အစည်းဝေးရဲ့ ရလဒ်

ရောင်နီလာတော့မယ့် မနေ့ည UNက Human Rights Council အစည်းဝေးရဲ့ ရလဒ်

မနေ့ညက UNက Human Rights Councilအစည်းဝေးရဲ့ ရလဒ်ကို မျော်နေကြသော ပရိတ်သတ်ကြီးအတွက် အောက်ကစာလေးကို ဖတ်ကြည့်ကြပါနော်… 👇👇👇

# အရေးတော်ပုံအောင်‌တော့မည်
ကုလသမဂ္ဂရဲ့ ကန့်ကွက်၊ ရှုံ့ချတဲ့ Statement တွေကို မြန်မာပြည်သူတွေကို ညည်းငွေ့သွားကြဟန်တူတယ်။ မနေ့က အရေးကြီးတဲ့ ကုလရဲ့ သတင်းတစ်ခုကို ပြောကြတာ သိပ်မတွေ့ရဘူး။

မနေ့က ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ မြန်မာ့အရေး ဆုံးဖြတ်ချက်ကို တက်ရောက်သူ (၄၇)နိုင်ငံလုံး တစ်နိုင်ငံမှ ကန့်ကွက်သူမရှိ အတည်ပြုလိုက်ပါတယ်။ ဒါဟာ အင်မတန်ရှားပါးပြီး ဖြစ်တောင့်ဖြစ်ခဲ ညီညွတ်မှုတစ်ခုဖြစ်ပြီး မြန်မာပြည်အရေးအတွက် ကြီးမားတဲ့ အရွေ့တစ်ခု ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် စစ်ကောင်စီအတွက် ပြင်းထန်တဲ့ ထိုးနှက်မှုတစ်ခုဖြစ်ပြီး မြန်မာပြည်သူတွေအတွက် အားတက်ဖွယ် မျှော်လင့်ချက်တစ်ခုလည်း ဖြစ်တယ်။

ကုလလူ့အခွင့်အရေးကောင်စီအစည်းအဝေး အဖွဲ့ဝင် (၄၇)နိုင်ငံလုံး ကန့်ကွက်သူမရှိဆိုတဲ့ ရှားပါးတဲ့အနေအထားဟာ စစ်ကောင်စီသည် လုံးဝအဖော်ကင်းမဲ့ အထီးကျန်သွားပြီဆိုတဲ့ အဓိပ္ပါယ်ပဲ။ ကူကယ်ရာမဲ့ အိပ်မက်ဆိုးပဲ။ ဒီ ၄၇ နိုင်ငံမှာ တရုတ်၊ ရုရှားလို မအလတို့ အားကိုးတဲ့ နိုင်ငံတွေကလည်း နှုတ်ဆိတ်နေခဲ့တယ်။

စစ်ကောင်စီသည် သူသွားနေတဲ့ ခြေလှမ်းတွေကို မဖြစ်မနေ ပြန်သုံးသပ်ရတော့မယ်၊ ရပ်တန့်မှ ဖြစ်တော့မယ်ဆိုတဲ့ အပြင်းထန်ဆုံးသော သတိပေးချက်ပဲ။

Statement တွေထုတ်၊ စိုးရိမ်တယ်၊ ပူပန်တယ် ပြောနေတာဟာ မထိရောက်ဘူးလို့ လုံးဝမတွေးလိုက်ပါနဲ့။ အခုဆိုရင် နှစ်လမပြည့်ခင်မှာ ကမ္ဘာ့စာမျက်နှာမှာ ဒီလောက်ပေါက်ကွဲထွက်လာတဲ့ မြန်မာအရေးအနေအထားကို ဒီမိုကရေစီမရသေးတဲ့အလားတူနိုင်ငံတွေက အရမ်းအားကျနေရတဲ့အထိပါပဲ။ ချက်ချင်းစစ်ကြေညာ၊ ချက်ချင်းထတိုက်စေချင်တာကတော့ မြန်မာပြည်သူတိုင်းရဲ့ စိတ်ကူးယဉ်အိပ်မက်ပါပဲ။ ဒါပေမယ့် အိပ်မက်တွေဆီသွားဖို့ ခြေလှမ်းတွေဟာ အတော်ရောက်ရှိနေပါပြီ။

ကုလလူ့အခွင့်အရေးကောင်စီရဲ့ ကန့်ကွက်သူမရှိ မြန်မာ့အရေး ဆုံးဖြတ်ချက်မှာ အဓိကအချက် (၄)ချက်ရှိတယ်။

(၁)လူ့အခွင့်အရေးကောင်စီမှမြန်မာစစ်အာဏာရှင်များအားလူ့အခွင့်အရေးချိုးဖောက်မှုအားလုံးကို ချက်ချင်းရပ်တန့်ရန် တောင်းဆိုသည်။

(၂) မြန်မာစစ်တပ်နှင့် စီးပွါးရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နေတဲ့ ကုမ္ပဏီအားလုံးကို မြန်မာစစ်တပ်နှင့် ပူးပေါင်းဆောင်ရွက်ခြင်းများ ချက်ခြင်းရပ်တန့်ရန် တောင်းဆိုသည်။

(၃)လူ့အခွင့်အရေးကောင်စီ၏ မြန်မာနိုင်ငံဆိုင်ရာအစီရင်ခံစာရေးသားတင်သွင်းသူရဲ့ သက်တမ်းကို တိုးမြှင့်သည်။ မြန်မာ့စစ်တပ်၏ စီးပွါးရေးလုပ်ငန်းများကိုစုံစမ်းစစ်ဆေး၍လူ့အခွင့်အရေးကောင်စီနှင့် လုံခြုံရေးကောင်စီအပါအဝင် ကုလသမဂ္ဂ အဖွဲ့အစည်းများထံတင်ပြရန်တာဝန်ပေးသည်။

(၄)လူ့အခွင့်အရေးကောင်စီမှ၂၀၁၉ခုနှစ်ကဖွဲ့စည်းထားသည့် လွတ်လပ်သောအချက်အလက်ရှာဖွေရေးမစ်ရှင်အား မြန်မာစစ်တပ်မှကျူးလွန်နေသောရာဇဝတ်မှုများကို ဆက်လက်စုံစမ်းဖော်ထုတ်ရန်နှင့် နောင်တစ်ချိန်မှာ နိုင်ငံတကာရာဇဝတ်ခုံရုံံးတွင် တရားစွဲဆိုနိုင်ပါက သက်သေအထောက်အထားများ အဆင်သင့်ဖြစ်အောင် ပြင်ဆင်ထားရန် တာဝန်ပေးသည်။

နံပါတ် (၂) အချက်ဟာ လတ်တလောမှာကို စစ်ကောင်စီ အထူးတုန်လှုပ်မယ့် အချက်ပဲ။ စီးပွါးရေးပိတ်ဆို့တာ ဒို့မမှုပါဆိုတဲ့သီချင်းကို အကော်ဒီယံကြီးတီး ဆိုပြနေရအောင် ခေတ်က ၈၈ မဟုတ်ဘူး။ ၂၁ ပါ။ ဦးပိုင်ကတော့ ဘုရားတရားတနေရပြီပဲ။ လတ်တလော ဘဏ္ဍာရေးပြသနာကို အလုံးအရင်းနဲ့ ရင်ဆိုင်နေတဲ့ စစ်တပ်ဟာ ဝင်ငွေရလမ်းအားလုံး ပိတ်ခံရတော့မယ့် အခြေအနေမှာ ရှိနေပြီ။ မြေကြီးကို လက်နဲ့ပုတ်ရင်မှ လွဲဦးမယ်။ ဒါကတော့ လွဲစရာမရှိတော့ပါ။

နံပါတ်(၄) အချက်ဟာ စစ်ကောင်စီက ငပဲ့တွေ ဖတ်လိုက်တာနဲ့ ICC က ကြိုးစင်ကို တန်းမြင်နေရအောင်ထိ ပြင်းထန်တယ်။

၁၊၂၊၃၊၄ ထဲမှာ တိုက်ရိုက်မပါပေမယ့် စစ်တပ်ဟာ ဒီဆုံးဖြတ်ချက်ကို မြင်တာနဲ့ သူအားကိုးထားတဲ့ တရုတ်နဲ့ ရုရှားဟာ တစ်ကမ္ဘာလုံးကို အံ့တုပြီး သူတို့ကို ကာကွယ်ပေးနေမှာ မဟုတ်တော့ဘူးဆိုတာ အလုပ်နဲ့ သက်သေပြခံလိုက်ရပြီဆိုတာ သိသွားလောက်ကြပြီ။

ငိုစရာတွေကို မြင်နေကြရတယ်။ ပျော်စရာတွေကို မေ့မထားလိုက်ပါနဲ့။ သေနတ်ကိုင်ထားလို့ လတ်တလောအနိုင့်အထက် ပြုကျင့်လို့ ရနေတာအပြင် မအလတို့မှာ ရွှေ့စရာတစ်ကွက်မှ မကျန်တော့ဘူး။

မမေ့နဲ့…
ငါတို့နိုင်မှာဆိုတာကို ဘယ်အခြေအနေမှာဖြစ်ဖြစ် မမေ့လိုက်ပါနဲ့။

အမှောင်ဆုံးတွေဟာ ရောက်ရှိလာပြီးပြီ။
ရောင်နီဟာ မကြာတော့ဘူး။
နွေဦးပန်းတွေကိုသာ ချိုးဖဲ့လို့ရမယ်။
နွေဦးရောက်လာမှာကိုတော့ တားလို့မရဘူး။

နွေဦးကို ကြိုကြရတော့မယ်။

Zawgyi

ေရာင္နီလာေတာ့မယ့္ မေန႔ည UNက Human Rights Council အစည္းေဝးရဲ႕ ရလဒ္

မေန႔ညက UNက Human Rights Councilအစည္းေဝးရဲ႕ ရလဒ္ကို ေမ်ာ္ေနၾကေသာ ပရိတ္သတ္ႀကီးအတြက္ ေအာက္ကစာေလးကို ဖတ္ၾကည့္ၾကပါေနာ္… 👇👇👇

# အေရးေတာ္ပုံေအာင္‌ေတာ့မည္
ကုလသမဂၢရဲ႕ ကန္႔ကြက္၊ ရႈံ႕ခ်တဲ့ Statement ေတြကို ျမန္မာျပည္သူေတြကို ညည္းေငြ႕သြားၾကဟန္တူတယ္။ မေန႔က အေရးႀကီးတဲ့ ကုလရဲ႕ သတင္းတစ္ခုကို ေျပာၾကတာ သိပ္မေတြ႕ရဘူး။

မေန႔က ကုလသမဂၢလူ႔အခြင့္အေရးေကာင္စီရဲ႕ ျမန္မာ့အေရး ဆုံးျဖတ္ခ်က္ကို တက္ေရာက္သူ (၄၇)ႏိုင္ငံလုံး တစ္ႏိုင္ငံမွ ကန္႔ကြက္သူမရွိ အတည္ျပဳလိုက္ပါတယ္။ ဒါဟာ အင္မတန္ရွားပါးၿပီး ျဖစ္ေတာင့္ျဖစ္ခဲ ညီၫြတ္မႈတစ္ခုျဖစ္ၿပီး ျမန္မာျပည္အေရးအတြက္ ႀကီးမားတဲ့ အေ႐ြ႕တစ္ခု ျဖစ္ပါတယ္။ တစ္နည္းအားျဖင့္ စစ္ေကာင္စီအတြက္ ျပင္းထန္တဲ့ ထိုးႏွက္မႈတစ္ခုျဖစ္ၿပီး ျမန္မာျပည္သူေတြအတြက္ အားတက္ဖြယ္ ေမွ်ာ္လင့္ခ်က္တစ္ခုလည္း ျဖစ္တယ္။

ကုလလူ႔အခြင့္အေရးေကာင္စီအစည္းအေဝး အဖြဲ႕ဝင္ (၄၇)ႏိုင္ငံလုံး ကန္႔ကြက္သူမရွိဆိုတဲ့ ရွားပါးတဲ့အေနအထားဟာ စစ္ေကာင္စီသည္ လုံးဝအေဖာ္ကင္းမဲ့ အထီးက်န္သြားၿပီဆိုတဲ့ အဓိပၸါယ္ပဲ။ ကူကယ္ရာမဲ့ အိပ္မက္ဆိုးပဲ။ ဒီ ၄၇ ႏိုင္ငံမွာ တ႐ုတ္၊ ႐ုရွားလို မအလတို႔ အားကိုးတဲ့ ႏိုင္ငံေတြကလည္း ႏႈတ္ဆိတ္ေနခဲ့တယ္။

စစ္ေကာင္စီသည္ သူသြားေနတဲ့ ေျခလွမ္းေတြကို မျဖစ္မေန ျပန္သုံးသပ္ရေတာ့မယ္၊ ရပ္တန္႔မွ ျဖစ္ေတာ့မယ္ဆိုတဲ့ အျပင္းထန္ဆုံးေသာ သတိေပးခ်က္ပဲ။

Statement ေတြထုတ္၊ စိုးရိမ္တယ္၊ ပူပန္တယ္ ေျပာေနတာဟာ မထိေရာက္ဘူးလို႔ လုံးဝမေတြးလိုက္ပါနဲ႔။ အခုဆိုရင္ ႏွစ္လမျပည့္ခင္မွာ ကမာၻ႔စာမ်က္ႏွာမွာ ဒီေလာက္ေပါက္ကြဲထြက္လာတဲ့ ျမန္မာအေရးအေနအထားကို ဒီမိုကေရစီမရေသးတဲ့အလားတူႏိုင္ငံေတြက အရမ္းအားက်ေနရတဲ့အထိပါပဲ။ ခ်က္ခ်င္းစစ္ေၾကညာ၊ ခ်က္ခ်င္းထတိုက္ေစခ်င္တာကေတာ့ ျမန္မာျပည္သူတိုင္းရဲ႕ စိတ္ကူးယဥ္အိပ္မက္ပါပဲ။ ဒါေပမယ့္ အိပ္မက္ေတြဆီသြားဖို႔ ေျခလွမ္းေတြဟာ အေတာ္ေရာက္ရွိေနပါၿပီ။

ကုလလူ႔အခြင့္အေရးေကာင္စီရဲ႕ ကန္႔ကြက္သူမရွိ ျမန္မာ့အေရး ဆုံးျဖတ္ခ်က္မွာ အဓိကအခ်က္ (၄)ခ်က္ရွိတယ္။

(၁)လူ႔အခြင့္အေရးေကာင္စီမွျမန္မာစစ္အာဏာရွင္မ်ားအားလူ႔အခြင့္အေရးခ်ိဳးေဖာက္မႈအားလုံးကို ခ်က္ခ်င္းရပ္တန႔္ရန္ ေတာင္းဆိုသည္။

(၂) ျမန္မာစစ္တပ္ႏွင့္ စီးပြါးေရးလုပ္ငန္းမ်ား ပူးေပါင္းေဆာင္႐ြက္ေနတဲ့ ကုမၸဏီအားလုံးကို ျမန္မာစစ္တပ္ႏွင့္ ပူးေပါင္းေဆာင္႐ြက္ျခင္းမ်ား ခ်က္ျခင္းရပ္တန႔္ရန္ ေတာင္းဆိုသည္။

(၃)လူ႔အခြင့္အေရးေကာင္စီ၏ ျမန္မာႏိုင္ငံဆိုင္ရာအစီရင္ခံစာေရးသားတင္သြင္းသူရဲ႕ သက္တမ္းကို တိုးျမႇင့္သည္။ ျမန္မာ့စစ္တပ္၏ စီးပြါးေရးလုပ္ငန္းမ်ားကိုစုံစမ္းစစ္ေဆး၍လူ႔အခြင့္အေရးေကာင္စီႏွင့္ လုံၿခဳံေရးေကာင္စီအပါအဝင္ ကုလသမဂၢ အဖြဲ႕အစည္းမ်ားထံတင္ျပရန္တာဝန္ေပးသည္။

(၄)လူ႔အခြင့္အေရးေကာင္စီမွ၂၀၁၉ခုႏွစ္ကဖြဲ႕စည္းထားသည့္ လြတ္လပ္ေသာအခ်က္အလက္ရွာေဖြေရးမစ္ရွင္အား ျမန္မာစစ္တပ္မွက်ဴးလြန္ေနေသာရာဇဝတ္မႈမ်ားကို ဆက္လက္စုံစမ္းေဖာ္ထုတ္ရန္ႏွင့္ ေနာင္တစ္ခ်ိန္မွာ ႏိုင္ငံတကာရာဇဝတ္ခုံ႐ုံံးတြင္ တရားစြဲဆိုႏိုင္ပါက သက္ေသအေထာက္အထားမ်ား အဆင္သင့္ျဖစ္ေအာင္ ျပင္ဆင္ထားရန္ တာဝန္ေပးသည္။

နံပါတ္ (၂) အခ်က္ဟာ လတ္တေလာမွာကို စစ္ေကာင္စီ အထူးတုန္လႈပ္မယ့္ အခ်က္ပဲ။ စီးပြါးေရးပိတ္ဆို႔တာ ဒို႔မမႈပါဆိုတဲ့သီခ်င္းကို အေကာ္ဒီယံႀကီးတီး ဆိုျပေနရေအာင္ ေခတ္က ၈၈ မဟုတ္ဘူး။ ၂၁ ပါ။ ဦးပိုင္ကေတာ့ ဘုရားတရားတေနရၿပီပဲ။ လတ္တေလာ ဘ႑ာေရးျပသနာကို အလုံးအရင္းနဲ႔ ရင္ဆိုင္ေနတဲ့ စစ္တပ္ဟာ ဝင္ေငြရလမ္းအားလုံး ပိတ္ခံရေတာ့မယ့္ အေျခအေနမွာ ရွိေနၿပီ။ ေျမႀကီးကို လက္နဲ႔ပုတ္ရင္မွ လြဲဦးမယ္။ ဒါကေတာ့ လြဲစရာမရွိေတာ့ပါ။

နံပါတ္(၄) အခ်က္ဟာ စစ္ေကာင္စီက ငပဲ့ေတြ ဖတ္လိုက္တာနဲ႔ ICC က ႀကိဳးစင္ကို တန္းျမင္ေနရေအာင္ထိ ျပင္းထန္တယ္။

၁၊၂၊၃၊၄ ထဲမွာ တိုက္႐ိုက္မပါေပမယ့္ စစ္တပ္ဟာ ဒီဆုံးျဖတ္ခ်က္ကို ျမင္တာနဲ႔ သူအားကိုးထားတဲ့ တ႐ုတ္နဲ႔ ႐ုရွားဟာ တစ္ကမာၻလုံးကို အံ့တုၿပီး သူတို႔ကို ကာကြယ္ေပးေနမွာ မဟုတ္ေတာ့ဘူးဆိုတာ အလုပ္နဲ႔ သက္ေသျပခံလိုက္ရၿပီဆိုတာ သိသြားေလာက္ၾကၿပီ။

ငိုစရာေတြကို ျမင္ေနၾကရတယ္။ ေပ်ာ္စရာေတြကို ေမ့မထားလိုက္ပါနဲ႔။ ေသနတ္ကိုင္ထားလို႔ လတ္တေလာအႏိုင့္အထက္ ျပဳက်င့္လို႔ ရေနတာအျပင္ မအလတို႔မွာ ေ႐ႊ႕စရာတစ္ကြက္မွ မက်န္ေတာ့ဘူး။

မေမ့နဲ႔…
ငါတို႔ႏိုင္မွာဆိုတာကို ဘယ္အေျခအေနမွာျဖစ္ျဖစ္ မေမ့လိုက္ပါနဲ႔။

အေမွာင္ဆုံးေတြဟာ ေရာက္ရွိလာၿပီးၿပီ။
ေရာင္နီဟာ မၾကာေတာ့ဘူး။
ေႏြဦးပန္းေတြကိုသာ ခ်ိဳးဖဲ့လို႔ရမယ္။
ေႏြဦးေရာက္လာမွာကိုေတာ့ တားလို႔မရဘူး။

ေႏြဦးကို ႀကိဳၾကရေတာ့မယ္။

Leave a Reply

Your email address will not be published. Required fields are marked *