ဗီဒီယိုဇာတ်ကားတွေခေတ်ကတည်းက အဖေနေရာတွေ၊ဇာတ်ပို့ဇာတ်ရံနေရာတွေမှာ အများဆုံးပါဝင်သရုပ်ဆောင်ခဲ့ရတာကတော့ ဦးဝင်းမြိုင်ပဲဖြစ်ပါတယ်။ သူကတော့ ပရိသတ်နဲ့မစိမ်းသူတစ်ယောက်ဖြစ်ပြီး ဇာတ်ကားတိုင်မှာအမြဲပါဝင်သရုပ်ဆောင်ရတာပါ။ခုနောက်ပိုင်း ဗီဒီယိုခေတ်ပျက်သွားပြီးနောက်ပိုင်းသူဟာ ရုပ်ရှင်အစည်းရုံးမှာတာဝန်ယူနေတာပါ။
လူမှုကွန်ရက်ကနေပရိသတ်တွေအတွက် အမြဲတင်ပေးလေ့ရှိတဲ့သူကတော့ ခုမှာလည်း သူလိမ်ခံခဲ့ရတဲ့ဖြစ်စဥ်ကိုပရိသတ်တွေအတွက်ဝေမျှထားတာပါ။ ဟဲလို ဦးဝင်းမြိုင် ဟုတ်ပါသလား။ဟုတ်ပါတယ်။မှတ်ပုံတင် နံပါတ်၁၂ / ဟုတ်ပါသလား။ဟုတ်ပါတယ်။mpt ဖုန်းဘေလ် ၅၀၀၀၀/ မဲပေါက်ပါတယ်။အဲဒါ နေပြည်တော်မှာ လာထုတ်နိုင်ပါသလား။မဖြစ်နိုင်ပါ။အဲဒါဆိုရင် k pay နဲ့ပို့ပေးပါမယ်အခု မက်ဆေ့ မှာ ကုဒ်နံပါတ် ချပေးထားပါတယ်။ကြည့်ပြီး အဲ့ဒီနံပါတ်လေး ရွတ်ပြပေးပါ။error တက်နေလို့ နောက်တစ်ခေါက်ပြန်ရွတ်ပြပါ။ ပါ ဟုတ်ကဲ့ ရပါပြီ။လိုင်းမကောင်းလို့ ၄၀၀၀၀/ ပဲပို့လို့ရပါတယ်။
ကျန်တစ်သောင်းကို wave နဲ့ ပို့မှာမို့လို့မက်ဆေ့ မှာ ကုဒ်နံပါတ်တစ်ခု ပို့ပေးထားပါတယ်။ကြည့်ပြီး ပြန်ရွတ်ပြပါ။မကြားရလို့ နောက်တစ် ခေါက်လောက်ပါဟုတ်ကဲ့ရပါပြီ။သေချာပါတယ်အဲ့ဒီလုပ်ဆောင်ချက်အဆင့်ဆင့်ပြီးမြောက်သွားပြီဆိုရင်ကိုယ့်ရဲ့ k pay အကောင့်ထဲက ပိုက်ဆံရောwave money အကောင့်ထဲကပိုက်ဆံရောပါသွားပါလိမ့်မယ်။ကျနော် ၄၀၀၀၀ ပါသွားပါတယ် မသိလို့ ခံလိုက်ရတာ မရှက်ပါကိုယ့်လို နောက်လူတွေမခံရအောင် မျှဝေပေးလိုက်ပါတယ်။ကျနော့်ဆီ ဆက်တဲ့ဖုန်းနံပါတ်ရယ် ထုတ်သွားသူရဲ့ ငွေထုတ်ပြေစာရယ်ကို တင်ပြလိုက်ပါတယ်။အထူးသဖြင့်သရုပ်ဆောင်များ အနုပညာရှင်များ k pay နဲ့ အနုပညာကြေးလက်ခံ ယူလာပြီဆိုရင် ဒီနည်းနဲ့ လုပ်ကြံခံရနိုင်ပါတယ်။ကိုယ့်ငွေပါသွားဖို့ အရမ်းလွယ်ပါတယ်
သတိပြုကြစေလိုပါတယ်။ကျနော့် အနုပညာကြေးကို ဒါရိုက်တာ ဇဗ္ဗူထွန်းသက်လွင်က ငွေသားစိုက်ရှင်းပေးလိုက်လို့ငွေတွေ အကုန်ပါမသွားတာကျေးဇူးအထူးတင်ပါတယ် ဆရာရေ။mrtv 4 က အနုပညာကြေးကို k pay နဲ့ရှင်းလေ့ရှိတယ်ဆိုတာရယ် အနုပညာရှင်တစ်ယောက်ဘယ်နေ့ အနုပညာကြေးရမယ်ဆိုတာရယ်မှတ်ပုံတင်နံပါတ် အတိအကျ ရယ်သိထားတဲ့ အတွင်းလူ စပိုင် ရှိနေတယ် ဆိုတာရယ် သတိပြုကြပါ သတိပြုကြပါ သတိပြုကြပါ ဆိုပြီးရေးသားခဲ့တာပါ။