၂၀၂၂ ခုနှစ်မှာ ဖြစ်လာမယ့် အူဝဲရဲ့ကံကြမ္မာအား စိတ်ထဲကနေ တွက်ချက်ပြီး ထွက်ပေါ်လာသော အဖြေကို ပြောပြလာတဲ့ ဌက်ပျော်ကြော်ရဲ့ဇနီး

တားရော့လောကမှာ နေခြည်တားရော့ဆိုတာနဲ့မသိသူမရှိလောက်အောင် နာမည်ကြီးတဲ့သူတစ်ယောက်ပါ။ နေခြည်တားရော့ကတော့ ပရိသတ်တွေနဲ့ စိမ်းတဲ့သူမဟုတ်ပဲ ပရိသတ်တွေရင်းနှီးသူတွေထဲကတစ်ယောက်ပါ။ သူကတော့ နိုင်ငံကြော်ဟာသသရုပ်ဆောင်​ယောက်​ဖြစ်တဲ့ ငှက်ပျောကြော်ရဲ့မိန်းမပဲဖြစ်ပါတယ်။

သူမရဲ့တားရော့ဟောကြားမှုတွေဟာ အမြဲမှန်နေတာကြောင့် လူမှုကွန်ရက်မှာနာမည်ကြီးနေတာပါ။ ခုမှာလည်းသူမရဲ့ ဟောကြားမှုတစ်ခုကြောင့် ပရိသတ်တွေအံ့သြခဲ့ရတာပါ။ နိုင်ငံကျော်တစ်ယောက်ဖြစ်တဲ့ မအူဝဲနဲ့ပက်သတ်ပြီးဟောကြားခဲ့တာပါ။ သူရဲ့ဟောကြားချက်တွေကိုလည်းခုလိုပဲရေးသားဖော်ပြထားခဲ့ပါတယ်။

ပျော်ရတဲ့နေ့ဘဘသူရခေါ် ဦးဇာဂနာ အချုပ်ကနေ ပြန်လွတ်လာတော့ တားရော့ကြည့်ပေးဖို့ ကျွန်မကို ပြောလာပါတယ် ။ အဲ့ဒါက ကာယကံရှင်ခွင့်ပြုမှ ကြည့်လို့ရမှာပါ ဘဘ ရေလို့ ပြောတော့ အိုကေ တဲ့ ။ အန်တီမာ ဖုန်းဆက်ပါလိမ့်မယ်တဲ့ ။၂၀၂၁ အောက်တိုဘာလကုန်ပိုင်းလောက်မှာအန်တီမာ ( အူဝဲ ရဲ့ မေမေ ) ကျွန်မဆီကို ဖုန်းဆက် လာပါတယ်အူဝဲ အတွက် ကတ်ကြည့်ပေးဖို့ အကူညီတောင်းပါတယ်။ အူဝဲ နဲ့က အပြင်မှာလည်း ခင်မင်ပြီးသားမို့ ကြည့်ပေးပါ့မယ် အန်တီမာ ရယ် လို့ပြောပြီးတာနဲ့ချက်ချင်းပဲ တားရော့ကြည့်ပေးလိုက် ပါတယ်။ အန်တီမာ ကတော့ မြေးလေးတွေအတွက် စိတ်မကောင်းလွန်းလို့ အူဝဲကို လွတ်စေချင်ပါတယ် ။လွတ်ဖို့အတွက်လည်း အရမ်းမျှော်လင့်နေတယ် ။ တီတီကိုလည်း လွတ်စေချင်ပေမဲ့ မလွယ်လောက်ဘူး ဆိုတာသိတော့အူဝဲကိုပဲ အဓိကထားရတာပါ ။အူဝဲအတွက် ကတ်ကြည့်တော့ ဒီနှစ်မှာ ကံအရမ်းနည်းနေလို့ မလွတ်နိုင်သေးဘူး ဆိုတာ တွေ့တယ်။

စိတ်မကောင်းစွာနဲ့ပဲ အန်တီမာ ဆီဖုန်းဆက်ပြောရပါတယ် ။ ၂၀၂၂ လောက်မှပဲ လွတ်နိုင်မယ် အန်တီမာရယ် ဆိုတော့ဖုန်းထဲကနေ အန်တီမာရဲ့ ငိုသံကို ခပ်တိုးတိုးလေး ကြားရတယ် ။ ဆုတောင်းရုံအပြင် ကျွန်မလည်း ဘာမှ လုပ်ပေးလို့ မရနိုင်ဘူးလေ ။ အူဝဲ အတွက် နေ့တိုင်း မေတ္တာပို့ပေး ဆုတောင်းပေးခဲ့ပါတယ်။

ဒီလိုနဲ့ ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလ ရောက်လာတယ်။အန်တီမာ ဖုန်းဆက်လာပြန်ပါတယ် ။ အူဝဲ အတွက်နောက်ထပ် ကတ်ကြည့်ပေးဖို့ ပြောပါတယ်။ဒီလမှာ အူဝဲလွတ်မယ်လို့ စိတ်ထဲ ထင်နေမိလို့တဲ့။အမေ တစ်ယောက်ရဲ့ မေတ္တာစိတ်စွမ်းအားပါ ။ သူ့လိုလို သိနေတဲ့ စိတ်မျိုးပေါ့ ။ အူဝဲ အတွက် ကတ်ချကြည့်ပေမဲ့ ဒီလမှာလည်း လွတ်ဖို့ မမြင်သေးဘူးအန်တီမာရေ စိတ်မကောင်းဘူး ဒီလမှာလည်း မရနိုင်သေးဘူး ။

မတ်လနဲ့ ဧပရယ်လ မှာတော့ ကံတရားက ပြောင်းလဲလာတဲ့ ကံဖြစ်လို့ လွတ်နိုင်ပါတယ် အန်တီမာရယ်စိတ်မပူပါနဲ့ သေချာလေး ဆုတောင်းမေတ္တာပို့ပေးရင် ရမှာပါလို့ ပြောခဲ့တာ အခု အဲ့ဒီ ဆုတောင်းလေးပြည့်ပါပြီ ။ အူဝဲ နဲ့ တီတီ အိမ်ပြန်ရောက်ပါပြီ ။အန်တီမာလည်း မြေးလေးတွေနဲ့ အတူ ဝမ်းသာနေလိမ့်မယ်လို့ထင်ပါတယ် ။ လောကမှာ အဆိုးကြုံလာရင် အလောတကြီးနဲ့ ဘာမှ ပြောင်းလဲလို့မရပါဘူး အချိန်အခါဆိုတာ ရှိပါတယ် ။ ခံရတဲ့ အချိန်မှာ သည်းခံပြီးစောင့် ကုသိုလ်တရားနဲ့ သာစောင့်ပါ ၊ သူ့အလှည့် ကိုယ့်အလှည့် ဆိုတာရှိလာမှာပါလေ … ။ ဆိုပြီးရေးသားထားခဲ့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *