တစ်နှစ်ကြာမှ ဖခင်နဲ့ပြန်တွေ့ရတဲ့ ကလေးနှစ်ယောက်ရဲ့အဖြစ်ကိုတွေးပြီး ဝမ်းနည်းဝမ်းသာ ဖြစ်နေရကြောင်း ရင်ဖွင့်လာတဲ့ ခင်စံပယ်ဦး

မတရားအာဏာသိမ်းမှုကိုဆန့်ကျင်ရင်းနဲ့ ထိန်းသိမ်းခံလိုက်ရတာကတော့ လူမင်းပဲဖြစ်ပါတယ်။ သူကတော့ နိုင်ငံကျော် တစ်ယောက်ဖြစ်ပြီး အာဏာသိမ်းချိန်ကတည်းက တက်ကြွစွာလှုပ်ရှားမှုတွေကြောင့် ဖမ်းဆီးခံလိုက်ရတာပါ။ ဒါပေမယ့် မနေ့ကတော့သူဟာ ပြန်လည်လွတ်မြောက်လာခဲ့ပြီဖြစ်ပါတယ်။

အချိန်တော်ကြာထိန်းသိမ်းခံရပြီးမနေ့ကမှ သူအပါအဝင် နာမည်ကျော်တော်တော်များများလွတ်မြောက်လာခဲ့တာပါ။ အရင်အကျဥ်းသားလွှတ်ပေးကတည်းက သူတို့ပါမလားအမြဲမျှော်နေခဲ့ကြပေမယ့် မနေ့ကတော့ပရိသတ်တွေမျှော်လင့်နေတဲ့ရက်ကိုရောက်ရှိလာခဲ့တာပါ။ သူတို့ကို ၅၀၅(က)နဲ့ဖမ်းဆီးထားခံခဲ့ရတာပါ။

လူမင်းပြန်လည်လွတ်မြောက်လာချင်းမှာပဲ ပရိသတ်တွေကိုသူ့ရဲ့လူမှုကွန်ရက်ကနေအသိပေးခဲ့တာပါ။ ကိုလူမင်းနေအိမ်ကိုပြန်လည်ရောက်ရှိပါပြီ။သတင်း​မေးဆုတောင်းမေတ္တာပို့ပေးတဲ့သူတိုင်းကိုကျေးဇူးတင်ပါတယ်၊တစ်​ယောက်ချင်းစီကိုအ​ကြောင်းမပြန်နိုင်ခဲ့ရင်နားလည်ခွင့်လွတ်​ပေးပါ ဆိုပြီးရေးသားထားခဲ့တာပါ။

Leave a Reply

Your email address will not be published. Required fields are marked *