အိမ့်ချစ်ရဲ့မင်္ဂလာပွဲကို တက်ရောက်မိခဲ့တဲ့အတွက် ဝေဖန်နေကြသူများအား စကားတစ်ခွန်းဖြင့် တုံ့ပြန်ချေပလိုက်တဲ့ ဝါဆိုမိုးဦး

ဝါဆိုမိုးဦးဆိုတာနဲ့ ပရိသတ်တွေချစ်ပြီးအားပေးနေကြတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သူမကတော့နိုင်ငံကျော်အဆိုတော်တစ်ယောက်ဖြစ်တဲ့ ဖြိုးလေးရဲ့ချစ်သူလည်းဖြစ်ပါတယ်။ သူတို့အတွဲလေးဟာလည်း မြန်မာနိုင်ငံမှာပရိသတ်တွေအားကျရတဲ့စုံတွဲလေးလည်းဖြစ်ပါတယ်။

ဝါဆိုမိုးဦးဟာ အရင်က ဗီဒီယိုဇာတ်ကားလေးတွေကစပြီးပရိသတ်တွေချစ်ခင်မှုရရှိလာခဲ့တာပါ။ နောက်ပိုင်းမှာတော့ ကြော်ငြာ video လေးတွေ ပုံရိပ်လေးတွေကိုပဲရိုက်ကူးနေတာပါ။ ပုံရိပ်လေးတွေကိုတော့ လူမှုကွန်ရက်ကနေတင်ပေးလေ့ရှိပြီး ချစ်နေရတာပါ။

လူမှုကွန်ရက်ကပုံရိပ်လေးတွေတင်ပေးလေ့ရှိတဲ့သူမကတော့ ခုမှာလည်းခံစားချက်လေးတွေကို လူမှုကွန်ရက်မှာတင်ထားခဲ့တာပါ။ အနုပညာရှင်သူငယ်ချင်းမိတ်ဆွေတွေ မဂ်လာဆောင်သွားတာလေ ဘာဆိုင်လို့လဲ သက်သက်ကြီးတွေစွပ်စွဲဆဲဆိုနေကြတာနော် လူမှုရေးဆိုတာမရှိရဘူးလား နောက်အနုပညာရှင်တစ်ယောက်ရဲ့မဂ်လာပွဲလေ ထောင့်လျှောက်ရှောင်ရှားနေခဲ့တာ မဂ်လာပွဲတက်ရောက်ချီးမြှင့်ရုံနဲ့ အပြောခံရရောလားဆိုပြီးရေးသားထားခဲ့တာပါ။ ဒီရက်ပိုင်းမှာတော့ အနုပညာရှင်တစ်ချို့ဟာ မဂ်လာပွဲတက်ရောက်ပုံတွေနဲ့ ဝေဖန်ခံနေရတာပါ။

Leave a Reply

Your email address will not be published.