တစ်ဦးတည်းသော တူမလေး ပျော်ရွှင်အောင် သီချင်းတွေဆိုပြီး ဖျော်ဖြေပေးနေတဲ့ ချမ်းချမ်းယောင်းမလေးရဲ့ဗီဒီယိုဖိုင်

အချစ်သီချင်းအေးအေးလေးတွေနဲ့ ပရိသတ်တွေရဲ့အသည်းကိုခြွေခဲ့တာကတော့ ချမ်းချမ်းပဲဖြစ်ပါတယ်။ သူမကတော့ သီချင်းဆိုပြိုင်ပွဲတစ်ခုကတော့ ပရိသတ်ရှေ့ရောက်လာခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာတော့ ဒိုင်အဖြစ်ပါဝင်ခဲ့ရလောက်အောင် အောင်မြင်လာခဲ့တာပါ။ ယနေ့အချိန်ထိတိုင်အောင် ပရိသတ်တွေကချစ်မြဲချစ်နေရတာပါ။

သူမကတော့လက်ရှိအချိန်မြန်မာနိုင်ငံမှာမဟုတ်ပဲခင်ပွန်းဖြစ်သူနေထိုင်ရာ နိုင်ငံခြားမှာနေထိုင်နေတာပါ။ သူမဟာ နိုင်ငံခြားမှာနေထိုင်ပေမယ့်လည်း မြန်မာနိုင်ငံမှာဖြစ်နေတဲ့နိုင်ငံရေးအခြေနေအတွက်လည်း တက်နိုင်တဲ့ဘက်ကပါဝင်ကူညီပေးနေခဲ့တာပါ။ ဒါကြောင့်လည်း မြန်မာနိုင်ငံမှာရှိတဲ့သူမရဲ့အိမ်ချိတ်ပိတ်ခံခဲ့ရတာပါ။

သူမဟာအိမ်ချိတ်ပိတ်ခံခဲ့ရပေမယ့်လည်း တော်လှန်နေဆဲဖြစ်ပြီး သမီးလေးနဲ့လည်းပျော်ရွှင်စရာမိသားစုဘဝလေးကိုဖြတ်သန်းနေတာပါ။ သမီးလေးရဲ့ video လေးတွေကလည်းချစ်စရာကောင်းတာကြောင့် ပရိသတ်တွေအမြဲကြည့်ရှုနေရတာပါ။ ခုမှာလည်း မေမေတို့လုပ်တဲ့အတိုင်းလိုက်လုပ်နေတဲ့သမီးလေးရဲ့ချစ်စရာ video လေးကိုလည်းပရိသတ်တွေအတွက်တင်ဆက်ပေးလိုက်ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *