ဖုန်းအားသွားသွင်းတဲ့ ငါးစက္ကန့်အတွင်းဖြစ်သွားတဲ့ ကလေးနှစ်ယောက်ရဲ့ပုံစံတွေကို ဗီဒီယိုလေးရိုက်ပြီး မှတ်တမ်းတင်ထားတဲ့ သဉ္ဇာနွယ်ဝင်း

အောင်မြင်မှုတွေများစွာသရဖူဆောင်းနိုင်ခဲ့ပြီး ယခုမှာလည်း ပျော်ရွှင်စရာမိသားစုဘဝလေးကိုပိုင်ဆိုင်ထားတာကတော့ သဥ္ဇာနွယ်ဝင်းပဲဖြစ်ပါတယ်။ တစ်ချိန်က သူမရဲ့ဇာတ်ကားတွေတိုင်းကို ပရိသတ်တွေအမြဲစောင့်ပြီးအားပေးခဲ့ကြတာပါ။ ဒါကြောင့်လည်း အအောင်မြင်ဆုံးမင်းသမီးတစ်ယောက်အဖြစ်ရပ်တည်နိုင်ခဲ့တာပါ။

ခုမှာတော့သားလေးတစ်ယောက် သမီးလေးတစ်ယောက်နဲ့ပျော်ရွှင်စရာမိသားစုဘဝလေးကိုပိုင်ဆိုင်ထားတာပါ။ ကလေးတွေရဲ့ပုံရိပ်လေးတွေကိုလည်းလူမှုကွန်ရက်မှာတင်ပေးလေ့ရှိပြီး ပရိသတ်တွေချစ်နေရတာပါ။ သားလေးနဲ့သမီးလေးကလည်း တစ်ယောက်ကိုတစ်ယောက်ဆော့ကစားနေတဲ့ပုံရိပ်လေးကလည်းချစ်ဖို့ကောင်းနေတာပါ။ 

ခုမှာလည်းပရိသတ်တွေတွေ့တာနဲ့ရီရမယ့်ချစ်စရာ video လေးကိုတင်ထားတာပါ။ ၅စက္ကန့်လောက်လေးပဲ ဖုန်းအားသွားသွင်းမိပါတယ်

သားတစ်ယောက်သမီးတစ်ယောက် ရှိတာဘယ်လိုလေးလဲဆိုတော့ ဒီလိုလေးပါလို့ ဆိုပြီး မေမေသဥ္ဇာနွယ်ဝင်းက ကလေးတွေရဲ့ video ကိုတင်ထားတာပါ။ ဘယ်လိုတောင်ဆော့နေလဲဆိုတာကတော့အောက်က video လေးကိုကြည့်ပြီးချစ်ပေးကြပါဦးနော်။

Leave a Reply

Your email address will not be published.