လူတွေအပေါ် အကြွင်းမဲ့မယုံသင့်ကြောင်း ထိုင်းမင်းသမီးလုက်ကြံခံရတဲ့ အကြောင်းလေးနဲ့ဥပမာပေးသွားတဲ့ သင်ဇာဝင့်ကျော်

အမိုက်စားခန္ဓာကိုယ်အလှတွေကြောင့် ယောက်ျားလေးတွေသာမက မိန်းကလေးတိုင်းအားကျပြီးချစ်နေရတာကတော့ သင်ဇာဝင့်ကျော်ပဲ​ဖြစ်ပါတယ်။ ယနေ့အချိန်ထိ သူမရဲ့အလှတွေက ပရိသတ်တွေကို ဆွဲဆောင်ထားနိုင်တာဖြစ်ပါတယ်။ သူမဟာ အနုပညာလောကမှာလည်း အချိန်တော်ကြာအောင်မြင်မှုတွေနဲ့ရပ်တည်နိုင်ခဲ့သူတစ်ယောက်ပါ။

သူမရဲ့လူမှုကွန်ရက်ကပုံရိပ်လေးတွေအများဆုံးတင်ပေးလေ့ရှိပြီး သူ့ပုံရိပ်တိုင်းကိုအမြဲစောင့်မျှော်နေကြတာပါ။ ဒါမယ့်ခုမှာတော့မကြာသေးခင်က သေဆုံးခဲ့တဲ့ထိုင်းမင်းသမီးလေးကိစ္စနဲ့ပတ်သက်ပြီး သူသိလိုက်ရတာလေးကိုခုလိုဝေမျှထားခဲ့တာပါ။ လူတွေကိုယုံကြည်လို့မရဘူးဆိုတာ မင်းသမီး Tangmo ရဲ့ အဖြစ်ကသက်သေပြသွားတာပဲ။သူကသူများအပေါ် စိတ်ကောင်းထားပေးတာတောင်

အဲ့စေတနာကိုအသိအမှတ်မပြုပဲ လုပ်ရက်ကြတာ မိန်းကလေးအချင်းချင်း J အကြီးစား မနာလိုမှုဆိုတာတော်တော်ကြောက်ဖို့ကောင်းပါလား မင်းသမီးက သူ့Manager ဆိုပေမဲ့ သူငယ်ချင်းပေါင်းပေါင်းတာတောင်လူမဆန်တဲ့လုပ်ရပ်ကိုလုပ်ရက်တယ်နော်။လူစိတ်ရှိတဲ့သူဆို သူများဒုက္ခရောက်နေတာတောင်ကယ်ရမှာ ကူညီရမှာ ခုဟာက မနာလိုစိတ်ကြောင့် ကျေးဇူးရှင်ကိုသေတွင်းပို့တာဝဋ်ဆိုတာကတော့လည်မှာပါ ။

ဘာပဲဖြစ်ဖြစ်မင်းသမီးအတွက်စိတ်မကောင်းဘူး။ခုတွေ့ကြုံနေရတဲ့လူတွေထဲမှာလဲဒီလိုပါပဲ ကိုယ်ကအကောင်းတွေပေးတာတောင် ကိုယ့်စေတနာကိုအသိအမှတ်မပြုချင်တဲ့သူတွေ ကျေးဇူးမတင်ချင်တဲ့သူတွေရှိတယ် ။ကိုယ့်ရှေ့မှာတော့ချိုပြီး အတွင်းပုတ်နေတဲ့သူတွေ

သူတို့ကိုကိုကဟန်မပျက်ဆက်ဆံနေပေမဲ့ သူတို့ဖြစ်နေတာကို ကိုယ်ကမသိလို့တော့မဟုတ်ဘူးလူတယောက်နဲ့ပေါင်းကြည့်လိုက်တာနဲ့ သူကဘာလဲဆိုတာကိုယ့်စိတ်ကအလိုလိုသိနေတာမျိုးတခါတခါအဲ့လိုလူတွေနဲ့ဆက်ဆံရတာလဲတကယ်ပင်ပန်းပါတယ် ငါကောင်းရက်နဲ့ ငါ့အပေါ်ဘာလို့မေတ္တာဂရုဏာ မုဒိတာမထားနိုင်ကြတာလဲလို့

တခါတလေတော့လဲ ဝမ်းနည်းမိတယ်ခုတော့ No ပါ သူတို့ရဲ့ အကုသိုလ်စိတ်ဖြစ်နေတာကိုလိုက်ခံစားမနေတော့ဘူးသူတို့ဟာသူတို့ပူလောင်ကြပါစေ ကိုယ်ကကောင်းကောင်းဆက်ဆံပေးထားတာပဲတခုခုဖြစ်သွားလဲ နောင်တမရှိဘူး ကိုယ့်လိပ်ပြာကိုယ်လုံတယ်လေ။

ဒါပေမဲ့ စေတနာရောင်ပြန်ဟပ်ဆိုသလို အဲ့လိုလူတွေကလဲကိုယ့်အနားမှာကြာကြာမနေနိုင်ပါဘူး အချိန်တန်ရင်သူ့အလိုလိုအဝေးရောက်သွားတာပါပဲ ကိုယ်ပေးတဲ့စေတနာတွေနဲ့မှမတန်တာ အဲ့ဒီတော့သွားပေါ့ ။အဲ့လိုလူ ၁၀ ယောက်ရှိတာထက် ကောင်းတဲ့သူ ၁ ယောက်ကိုပဲပိုလိုချင်မိတယ်။ရခုကိုယ်ကလွဲရင် ခေါင်းတောင်မယုံချင်တော့ပါဘူး မိဘကလွဲလို့ ယုံကြည်လို့ရပါတယ်ဆိုတဲ့သူတွေကိုတောင်ပိုလို့တောင်မယုံချင်တော့ တွေ့ချိုတွေ လုပ်ချိုတွေလဲမလိုချင်ဘူး အခက်အခဲဖြစ်မှလာရှာတဲ့သူမျိုးလဲမလိုချင်ဘူး အော်ဒါပေမဲ့လည်းကိုယ်ချင်းစာတရားတွေတဖြည်းဖြည်းနည်းပါး လိုချင်ရမက်တွေပြည့်ပြီး အတ္တမာန်မာနတွေ ဖုံးလွှမ်းနေတဲ့ လူ့ငရဲပြည်ကြီးထဲမှာဆက်ပြီးအသက်ရှင်ရဦးမှာပဲ။မရှင်ချင်လို့လဲမရ ကိုယ့်ကိုအားကိုးနေရတဲ့သူတွေလဲရှိသေးတာကိုး။ဒါပေမဲ့ အသက်ရှင်မဲ့နေ့ရက်တိုင်းမှာကိုယ့်ကြောင့် သူတပါး ဒုက္ခမရောက်အောင် သူများအတွက်ကိုယ်ဟာ လူပိုတယောက်မဖြစ်အောင် ဝန်ထုတ်ဝန်ပိုးမဖြစ်ရအောင် နှစ်ဦးနှစ်ဖက်အကျိုးရှိတဲ့စကား ပဲပြောမိအောင် အကျိုးရှိတဲ့အလုပ်ပဲ လုပ်မိအောင်ကိုယ်ချင်းစာတရားရှေ့ထားပြီး ကြိုးစားနေထိုင်ပါ့မယ်ခံစားချက်တွေရေးလိုက်တာ စာနဲနဲရှည်သွားတယ် Sorry နော် ဆိုပြီးခံစားချက်လေးတွေကိုရေးသားထားခဲ့တာပါ။

Leave a Reply

Your email address will not be published.