တစ်ချိန်က ဗီဒီယိုဇာတ်ကားတွေခေတ်ကတည်း အောင်မြင်မှုတွေရရှိခဲ့တာကတော့ ဝေဋ္ဌုကျော်ပဲဖြစ်ပါတယ်။ သူကတော့ခုနောက်ပိုင်းမှာ အနုပညာအလုပ်တွေမလုပ်တော့ပဲ ပရဟိတအလုပ်တွေကိုသာလုပ်ကိုင်နေတာပါ။ ဆင်းရဲခက်ခဲတဲ့နေရာတွေ အကူညီလိုတဲ့နေရာတွေမှာ ကိုယ်တိုင် အားတက်သရောပါဝင်ကူညီနေတာပါ။
နာမည်ကျော်မင်းသားတစ်ယောက်ဖြစ်ပေမယ့်လည်း ပရဟိတအလုပ်တွေမှာတက်ကြွစွာပါဝင်နေတာကြောင့် ပရိသတ်တွေချစ်မဝဖြစ်နေရတာပါ။ ပရိသတ်တွေချစ်နေရတဲ့ သူကတော့မကြာသေးခင်ကလည်း သူရဲ့ချစ်ရတဲ့သူနဲ့လက်ထပ်ခဲ့ကြတာပါ။ အသက်အရွယ်ရလာပြီဖြစ်တာကြောင့် ခုလိုလက်ထပ်သွားတာကိုကပရိသတ်တွေအားကျနေရတာပါ။
ခုမှာလည်းသူတို့ မင်္ဂလာပွဲလေးမှာလက်စွပ်လက်ဖွဲ့ပေးတဲ့ ဆိုင်လေးကိုကျေးဇူးတင်ကြောင်းပြောထားတာပါ။မင်္ဂလာဦး လက်ဆောင်အဖြစ်ပေးပို့လာပါသော စိန်နန်းတော် Diamonds& Fine Jewelry အား အထူးပင်ကျေးဇူးတင်ရှိပါသည် ။ စိန်နန်းတော်မိသားစုလည်း စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျမ်းမာခြင်းများနှင့် ပြည့်စုံပြီးစီပွားလာဘ်လာဘများ ပိုမိုတိုးတက် နိုင်ပါစေကြောင်းဆုမွန်ကောင်း တောင်းအပ်ပါသည် ဆိုပြီးကျေးဇူးတင်ကြောင်းပြောပြခဲ့တာပါ။