မြန်မာနိုင်ငံမှာသာမကနိုင်ငံတစ်ကာရဲ့မိန်းကလေး ပရိသတ်တွေရဲ့အားပေးမှုကိုပါအပြည့်ရထားတာကတော့ ပိုင်တံခွန်ပဲဖြစ်ပါတယ်။ သူကတော့ မြန်မာနိုင်ငံမှာအာဏာသိမ်းလိုက်ချိန်ကတည်းက တော်လှန်ရေးတွင်ပါဝင်ခဲ့တာကြောင့်ဖမ်းဆီးထိန်းသိမ်းခံလိုက်ရတာပါ။ ဒါကြောင့်လည်း ပရိသတ်တွေစိတ်ပူခဲ့ရတာပါ။
ဒါပေမယ့်လည်း သူဟာလွန်ခဲ့တဲ့ရက်ပိုင်းကပြန်လည်လွန်မြောက်လာခဲ့တာပါ။ သူနဲ့အတူ နိုင်ငံကျော်တော်တော်များများလည်းပါဝင်လာခဲ့တာပါ။ ဒါကြောင့်လည်း ပရိသတ်တွေပျော်ရွှင်နေခဲ့ရတာပါ။ခုမှာတော့သူဟာအိမ်ပြန်ရောက်ပြီးခြင်းမှာပဲ ချစ်ရတဲ့မိသားစုသူငယ်ချင်းတွေနဲ့တူတူရှိနေတာပါ။
ဒီနေ့ကျရောက်တဲ့ ပိုင်တံခွန်ရဲ့မွေးနေ့လေးမှာတော့ သူ့အမေအတွက်ဆုတောင်းစကားလေးကိုလူမှုကွန်ရက်ကနေတင်ထားတာပါ။ ဘယ်ဆင်းရဲ့ဒုက္ခမျိုးမဆို ရင်ဆိုင်ရဲပါတယ် သားကိုမျှော်နေတဲ့အမေ့မျက်နှာလေး မမြင်လိုက်ရမှာပဲသိပ်ကြောက်မိတယ်။ ခုလိုပြန်ကျန်းမာပြီး အသက်ရှင်အောင်နေခဲ့ပေးလို့ ကျေးဇူးပါအမေ။ဒီနေ့ကျရောက်တဲ့အမေ့မွေးနေ့ကနေ နောက်နှစ်ပေါင်းများစွာထိ ကျန်းမာပျော်ရွှင်ပါစေလို့သားဆုတောင်းပေးပါတယ်ဆိုပြီး ဆုတောင်းထားခဲ့တာပါ။