အိမ်ချိတ်ပိတ်ခံရလို့ စိတ်သောကရောက်နေတဲ့ ကိုပေါက်ရဲ့ဇနီးကို ခွန်အားဖြစ်စေမယ့် စကားများဖြင့် နှစ်သိမ့်ခဲ့တဲ့ တက္ကသိုလ် ဂွမ်းပုံ

တစ်ချိန်က မိသားစုလိုက်ဟာသ video လေးတွေ Liveလေးတွေလွှင့်စကားပြောခဲ့ကြတာကတော့ ကိုပေါက်တို့မိသားစုပဲဖြစ်ပါတယ်။ သူတို့ video,Liveစကားပြောတာလေးတွေကိုပဲပရိသတ်တွေရယ်မောပြီးချစ်နေရတာပါ။ ကိုပေါက်ကလည်း Tiktokလေးတွေဆော့ပြီး video လေးတွေတင်ပေးလေ့ရှိတာပါ။

ဒါပေမယ့်လည်း ခုမှာတော့ ကိုပေါက်ဟာ ချစ်ရတဲ့မိသားစုကိုစွန့်ခွာပြီး တောထဲမှာပုန်းရှောင်နေရတာပါ။ မတရားမှုကိုတွန်းလှန်ရင်းနဲ့ထွက်ပြေးပုန်းရှောင်နေခဲ့ရတာကြောင့် မိသားစုနဲ့ခွဲခဲ့ရတာပါ။ နောက်ပိုင်းမှာတော့ သူတို့မိသားစုvideo လေးတွေသိပ်မတွေ့ရပေမယ့်လည်း သားလေးနောက်ရေးအတွက် ကိုယ်ပေါက်မိန်းမဟာ live saleတွေရောင်းချနေတာပါ။

ကိုပေါက်ရဲ့ဇနီးဟာလူမှုကွန်ရက်ကနေလည်းစာလေးတွေvideo လေးတွေတင်ပေးလေ့ရှိတာပါ။ ခုမှာလည်း 2021မှာ မိတ်ဆွေအတုတွေ ဟန်ဆောင်မျက်နှာဖုံးတွေနဲ့ ကိုယ်ချင်းစာစိတ်မရှိသူတွေဟာ သူ့အလိုလိုကိုယ့်ဘေးနားကနေထွက်ခွာသွားကြပြီ နောက်လဲဘယ်တော့မှာလာမပတ်သက်ပါနဲ့ကျေးဇူးတင်ပါတယ်ဆိုပြီး ခံစားချက်တွေကိုထုတ်ဖော်ခဲ့တာပါ။ ကိုပေါက်မိန်းမရဲ့စာလေးအောက်မှာလည်း နာမည်ကျော်သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ဂွမ်းပုံကလည်း အားတင်းဖို့စာလေး မန့်သွားခဲ့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published.