လူစည်ကားတဲ့ နေရာတွင် အစ်မပေါ်သို့ ခွတက်ပြီး ကလေးတစ်ယောက်လို ချီခိုင်းနေတဲ့ မအေးသောင်းရဲ့ဗီဒီယိုဖိုင်

တစ်ချိန်က ညီမ ၃ယောက်ဖြစ်တဲ့ နှင်းဝတ်ရည်သောင်း၊အေးဝတ်ရည်သောင်းနဲ့ ဆွိဝတ်ရည်သောင်းဆိုတာနဲ့မသိသူမရှိပဲဖြစ်ပါတယ်။ ယနေ့ချိန်ထိ သူတို့ညီမ၃ယောက်ဟာ ပရိသတ်တွေကြားမှာ ရေပန်းစားနေတာပါ။ မအေးသောင်းကတော့ မကြာသေးခင်ကမှ ပရိသတ်ရှေ့ပြန်ရောက်လာပြီး အနုပညာအလုပ်တွေလုပ်နေတာပါ။

နှင်းဝတ်ရည်သောင်းကတော့ မြန်မာနိုင်ငံကိုအလည်လောက်သာပြန်လာပြီးနိုင်ငံခြားမှာနေထိုင်နေတာပါ။ အနုပညာအလုပ်တွေမလုပ်တော့ပေမယ့်လည်း ပရိသတ်တွေရဲ့စိတ်ဝင်စားမှုကိုရရှိထားတာပါ။ ခုမှာလည်း နှင်းဝတ်ရည်သောင်းဟာ မြန်မာနိုင်ငံမှာရှိတဲ့သူတို့မိသားစုလေးနဲ့ဆုံတွေ့ခဲ့တာပါ။

မြန်မာနိုင်ငံကိုပြန်လာရင် ပြန်ဖို့မလွယ်တော့တာကြောင့် ဘန်ကောက်မှာ မိသားစုတွေဆုံခဲ့တာပါ။ သူတို့မိသားစုစုံပုံလေးတွေဟာ လူမှုကွန်ရက်မှာကြည်နူးစရာဖြစ်ခဲ့ပြီး ပြန်ဖို့လေဆိပ်မှာခွဲခွာပုံတွေကလည်းဝမ်းနည်းစရာပါ။ ခုမှာလည်း သူပြန်ခါနီးလေဆိပ်လေးမှာ မအေးသောင်းကိုပွေ့ဖက်ထားတဲ့ video လေးကရင်ထဲကျန်စေမှာအမှန်ပါ။ ပရိသတ်တွေလည်း မိသားစုနဲ့ဝေး ရာအရပ်ကိုပြန်ရတော့မယ့် နှင်းဝတ်ရည်သောင်းနဲ့မအေးသောင်းတို့ပွေ့ဖက်video လေးကိုလည်းတင်ဆက်ပေးလိုက်ရပါတယ်။

Leave a Reply

Your email address will not be published.