နှုတ်ခမ်းနီမလေးတွေ တဖြုတ်ဖြုတ်ကြွေသွားစေမယ့် ဗီဒီယိုလေးတစ်ခုဖြင့် အွန်လိုင်းပေါ်သို့ ပြန်လည်အခြေချလာတဲ့ ပိုင်တံခွန်

မြန်မာမှာသာမက ကမ္ဘာမှာပါ နာမည်ကျော်အောင်မြင်ခဲ့တဲ့ မင်းသားချောလေးကတော့ ပိုင်တံခွန်ပဲဖြစ်ပါတယ်။ သူကတော့နိုင်ငံရေးတက်ကြွပါဝင်ရာကနေ ဖမ်းဆီးထိန်းသိမ်းခံရကာ မကြာသေးခင်ကမှလွတ်မြောက်လာခဲ့တာပါ။ သူ့ကိုချစ်တဲ့ပရိသတ်တွေလည်းခုဆို ဝမ်းသာကြည်နူးနေကြတာပါ။

သူဟာအချိန်တော်ကြာဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာကြောင့် ပရိသတ်တွေကလွမ်းနေရတာပါ။ ခုနောက်ပိုင်းမှာ တော့လူမှုကွန်ရက်ကနေ သူရဲ့ပုံရိပ်လေးတွေကိုတော့တင်ပေးလေ့ရှိပါတယ်။ လွတ်မြောက်လာပြီးနေ့မှာလည်း ပရိသတ်တွေအံ့အားသင့်စေမယ့်ပုံရိပ်လေးကိုတင်ခဲ့ပါသေးတယ်။ မတွေ့ရတာကြာပြီဖြစ်တဲ့သူ့ရဲ့ကောင်မလေးကိုဖက်ထားတဲ့ပုံရိပ်လေးကြောင့်လည်းပရိသတ်တွေကြည်နူးခဲ့ရတာပါ။

ခုမှာတော့သူဟာ သူချစ်ရတဲ့မိသားစုတွေ သူငယ်ချင်းတွေကိုအချိန်ပေးနေတာပါ။ ပရိသတ်တွေရှေ့ကိုမထွက်သေးပေမယ့် လူမှုကွန်ရက်မှာတော့ ပရိသတ်တွေအတွက်အလွမ်းပြေပုံရိပ်လေးတွေတင်ပေးနေတာပါ။ ခုမှာလည်း အမြဲစတိုင်ကျနေတဲ့ ပုံရိပ်လေးနဲ့သူ့ပုံရိပ်လေးကိုလည်းပရိသတ်တွေအတွက်အလွမ်းပြေတင်ဆက်ပေးလိုက်ရပါတယ်။

Leave a Reply

Your email address will not be published.