မွေးခါနီးပြီမို့ စူထွက်လာတဲ့ သူမရဲ့ဗိုက်အခြေအနေအား အမှတ်တရဓာတ်ပုံလေးရိုက်ပြီး ပြသလိုက်တဲ့ စုစုဝေ

ပရိသတ်တိုင်းအားကျရလောက်တဲ့ ပျော်ရွှင်စရာအချစ်ရေးလေးကိုပိုင်ဆိုင်ထားတာကတော့ Mikis Weber နဲ့ စုစုဝေတို့ပဲဖြစ်ပါတယ်။ သူတို့ဟာ မြန်မာနိုင်ငံရဲ့ ထူးခြားတဲ့စုံတွဲလေးဖြစ်ပြီး နိုင်ငံခြားသားတစ်ယောက်နဲ့တွဲခဲ့တာကြောင့်ဝေဖန်မှုတွေခံခဲ့ရတာပါ။ ဒါပေမယ့်လည်း နောက်ပိုင်းမှာ ပရိသတ်တွေလက်ခံလာပြီး နာမည်ကြီးအောင်မြင်ခဲ့တာပါ။

သူတို့ဟာခုမှာ လက်ထပ်ပြီးကြပြီလည်းဖြစ်ပါတယ်။ မြန်မာနိုင်ငံကလက်ရှိအခြေနေတွေကြောင့် Mikis ရဲ့နိုင်ငံမှာ စုစုဝေကပါသွားရောက်နေထိုင်နေတာပါ။ လက်ရှိမှာ စုစုဝေ ဟာ mikis ရဲ့ကိုယ်ဝန်လေးကိုလည်းလွယ်ထားရတာဖြစ်ပါတယ်။ သားဦးလေးဖြစ်တာကြောင့်လည်းသူတို့ဟာခုချိန်ကတည်းကရင်ခုန်စိတ်လှုပ်ရှားနေတာပါ။

စုစုဝေဟာ လူမှုကွန်ရက်ကနေ လည်းကိုယ်ဝန်ဆောင်ပုံရိပ်လေးတွေကိုတင်ပေးလေ့ရှိပြီး ပရိသတ်တွေကြည်နူးနေရတာပါ။ ခုမှာလည်း မကြာခင်မွေးဖွားလာတော့မယ့်သားလေးအတွက်ကြိုတင်ရင်ခုန်နေတာပါ။ ယောကျ်ားကတော့ သားတော်မောင်နေဖို့အခန်း စိတ်ကြိုက် ကိုယ်တိုင်ဆေးသုတ်ပြီလို့ ကျမကတော့ ဗိုက်ကလေးဒီလောက်ထွက်ပြီ ရုပ်တွေပြောင်း ခန္ဓာကိုယ်တွေဖက်တီမလေးဖြစ်ပုံ လာပြတာ ဆိုပြီးသူမရဲ့ပုံရိပ်လေးတွေကိုလည်းပရိသတ်တွေအတွက်အလွမ်းပြေတင်ဆက်ပေးလိုက်ရပါတယ်။

Leave a Reply

Your email address will not be published.