မကွယ်လွန်ခင် ရက်ပိုင်းလောက်က သီဆိုရိုက်ကူးသွားတဲ့ ညီလေးရဲ့သီချင်းလေးတစ်ပုဒ်ကို ပြန်လည်ဝေမျှပေးလာတဲ့ နေတိုး

ချစ်ရတဲ့မိသားစုတွေ၊ပရိသတ်တွေကိုနှုတ်ဆက်ထွက်ခွာသွားတာကြာပြီဖြစ်ပေမယ့် ယနေ့တိုင်မိသားစုတွေ၊ပရိသတ်တွေမေ့မရတဲ့သူတစ်ယောက်ရှိပါတယ်။သူကတော့ နိုင်ငံကျော်သရုပ်ဆောင် နေတိုးရဲ့ညီ​ဖြစ်တဲ့မင်းသွေးပဲဖြစ်ပါတယ်။ အမြဲပျော်ပျော်ရွှင်ရွှင်နေတက်ပြီး ပရိသတ်တွေအတွက်လည်းအကောင်းဆုံးသောအနုပညာတွေကိုချပြချင်သူတစ်ယောက်ပါ။

ဒါကြောင့်လည်း အသက်ငယ်ငယ်နဲ့ ဆုံးပါးသွားတာကြောင့် ယနေ့အချိန်ထိနှမြောနေရတာပါ။ သူဟာ သရုပ်ဆောင်အလုပ်ကိုပါဂရုစိုက်ရုံသာမက သီချင်းတွေကိုလည်းအကောင်းဆုံးဖန်တီးတက်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။ နာမည်ကျော်အဆိုတော်တစ်ယောက်ဖြစ်တဲ့ ဖော်ကာနဲ့လည်းသူငယ်ချင်းလည်းဖြစ်ပါတယ်။

မင်းသွေးဟာ ကွယ်လွန်သွားပြီဖြစ်ပေမယ့် သူ့ရဲ့အနုပညာတွေက ခုချိန်ထိကျန်ခဲ့တုန်းပါ။ ခုမှာလည်း မင်းသွေးရယ် ဖော်ကာရယ်တွဲဆိုထားတဲ့သီချင်းလေးထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ မင်းသွေးကိုချစ်တဲ့ပရိသတ်တွေလည်း သူ့ရဲ့နောက်ဆုံးအလွမ်းပြေသီချင်းလေးကိုလည်းအားပေးကြပါဦးနော်။

Leave a Reply

Your email address will not be published.