သူမကိုယ်တိုင် စိတ်တိုင်းကျ ဖန်တီးပုံဖော်ထားတဲ့ အိမ်အတွင်းခန်းပြင်ဆင်ထားပုံလေးကို ဗီဒီယိုလေးရိုက်ပြီး ထုတ်ပြလိုက်တဲ့ မေပန်းချီ

မေပန်းချီဆိုတာနဲ့ ခပ်မိုက်မိုက်အမိုက်စားပုံရိပ်လေးတွေကြောင့် ယောက်ျားလေးအများစုရဲ့အားပေးမှုကိုရရှိထားတဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။ ယောက်ျားလေး ပရိသတ်တွေသာမက မိန်းကလေးပရိသတ်တွေရဲ့ချစ်ခင်မှုကိုပါရရှိထားတာပါ။သူမကတော့အနုပညာလောကမှာ ဆယ်စုနှစ်ကျော်အောင်မြင်မှုတွေရရှိထားသူတစ်ယောက်ပါ။

သူမကတော့လက်ရှိအနုပညာအလုပ်တွေနားထားပေမယ့်လည်းလူမှုကွန်ရက်မှာပုံရိပ်လေးတွေတင်ပေးလေ့ရှိတာပါ။ ခုနောက်ပိုင်းမှာ Live Saleလေးတွေကိုလည်းရောင်းချနေတာပါ။ သူမရဲ့ Live Saleလေးတိုင်းမှာလည်း ပရိသတ်တွေများစွာအားပေးနေကြတာပါ။

သူမရဲ့ကြိုးစားမှုတွေကြောင့်လည်း သူ့ရဲ့စိတ်တိုင်းကျအိမ်လေးကိုတက်ဆောက်နိုင်တာပါ။ အိမ်လေးကလည်းတည်ဆောက်ပြီးစီးတော့မှာဖြစ်တာကြောင့်ရင်ခုန်စရာကောင်းနေတာပါ။ ခုမှာလည်း သူမရဲ့နေအိမ်သစ်လေးအတွင်းပိုင်းvideo လေးကိုတင်ထားတာပါ။ ပရိသတ်တွေလည်း ဘယ်လိုတောင်အိမ်အတွင်းခန်းလန်းနေလဲဆိုတာကတော့အောက်ကvideo လေးကိုကြည့်ပြီးအားပေးကြပါဦးနော်။

Leave a Reply

Your email address will not be published. Required fields are marked *