ဆေးတွေတောက်လျှောက်သွင်းထားရလို့ ပင်ပန်းနေတဲ့ သမီးလေးကို ကြည့်ပြီးစိတ်မကောင်းဖြစ်နေတဲ့ စန္ဒီမြင့်လွင်ရဲ့ဗီဒီယိုဖိုင်

ယနေ့ချိန်ထိ ပရိသတ်အချစ်တွေနဲ့အတူ ပျော်ရွှင်စရာမိသားစုဘဝလေးကိုပိုင်ဆိုင်ထားတာကတော့ စန္ဒီမြင့်လွင်တို့မိသားစုလေးပဲဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့သမီးလေးကြောင့်လည်းသူတို့မိသားစုလေးဟာပိုပျော်ရွှင်စရာကောင်းလာခဲ့တာပါ။ ထရက်ရှာလေးဟာ မိသားစုတွေရဲ့ချစ်ခြင်းကိုသာမက ပရိသတ်တွေချစ်ခြင်းတွေကိုပါရရှိထားတာပါ။

မေမေ စန္ဒီမြင့်လွင်ကလည်းသမီးလေးရဲ့ပုံရိပ်လေးတွေမိသားစုပုံရိပ်လေးတွေကိုတင်ပေးလေ့ရှိပါတယ်။ ခုမှာလည်း ထရက်ရှာလေးနေမကောင်းတုန်းကအဖြစ်အပျက်လေးတွေကိုဝေမျှထားတာပါ။ ထရက်ရှာ လေးလဲ ပီးခဲ့တဲ့လက အဖျားတော်တော်ကြီးသွားပါတယ် မေမေရောဖေဖေရော ကလေးကိုလက်ပေါ်ကမချပဲပြုစုခဲ့ကြပါတယ်။

သူ့ခမျာငယ်ငယ်လေးနဲ့အဖျားတော်တော်တက်လို့ ဘာလုပ်လို့လုပ်ရမှန်းတောင်မသိတော့ပါဘူး။အခုမှသာပြန်ပြောနိုင်တာအဲ့တုန်းကသနားလွန်းလို့ အသံလေးတွေဆိုတာဖျော့တော့ပီးအစားမစားနိုင်နဲ့မေမေကတော့အဲ့ရက်တွေကိုမုန်းပေမဲ့ သမီးလေးကြီးလာရင်ပြန်ကြည့်ဖို့ဗီဒီယိုလေးရိုက်ထားပါတယ်။ အောက်ကlink မှာကြည့်ပေးနော်Treasure’s family ရဲ့YouTube လေးကိုလဲ Subscribe လုပ်ပေးကြပါနော် family vlog တွေအမြဲတင်ပေးသွားပါ့မယ်လို့ ဆိုပြီးဝေမျှထားခဲ့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published.