တာဝန်ယူမှုမရှိသော တိရိစ္တာန်ဆရာဝန်ရဲ့ပေါ့ဆမှုတွေကြောင့် သူမရဲ့ ပါပီလေးကွယ်လွန်သွားခဲ့ရပုံကို ရှင်းပြလာတဲ့ ပက်ထရစ်ရှာရဲ့ဗီဒီယိုဖိုင်

ခပ်မိုက်မိုက်ပုံရိပ်လေးတွေကြောင့် ကောင်လေးတွေရော ကောင်မလေးတွေပါ ချစ်နေရတာကတော့ ပက်ထရစ်ရှာပဲဖြစ်ပါတယ်။ သူမရဲ့ချစ်စရာကောင်းပြီး ဟော့နေတဲ့အမိုက်စားပုံရိပ်တွေကြောင့်လည်း မိန်းကလေးတိုင်းကပါအားကျနေရတာပါ။ သူမဟာ အနုပညာလောကကိုစရောက်လာကတည်းက အားပေးမှုကိုကိုရရှိခဲ့တာဖြစ်ပြီး ယနေ့ချိန်ထိတိုင် အောင်မြင်နေတာပါ။

သူမဟာခုနောက်ပိုင်းမှာတော့ အနုပညာလှုပ်ရှားမှုတွေနဲ့ဝေးကွာနေတာဖြစ်ပေမယ့် လူမှုကွန်ရက်ကနေတော့ပုံရိပ်လေးတွေတင်ပေးလေ့ရှိတာပါ။ သူမဟာပရိသတ်တွေမတွေ့ရနောက်ပိုင်းမှာလည်းခပ်မိုက်မိုက်ပုံရိပ်လေးတွေတင်ပေးလေ့ရှိတာပါ။ ခုမှာတော့ပုံရိပ်လေးတွေတင်ပေးလေ့ရှိတဲ့သူမဟာ သူမရဲ့ခံစားချက်လေးတစ်ခုကြောင့် ပရိသတ်တွေပါစိတ်မကောင်း​ဖြစ်ခဲ့ရတာပါ။

ရက်စက်လိုက်တာ သားငယ်လေးက ကျန်းမာသွက်လပ်ပြီးအရမ်းကဲအရမ်းဆော့နိုင်တဲ့ကလေးလေးပါ မျောက်ကလေးနဲ့တူလို့သူ့နာမည်ကိုအစတုန်းကဆိုရင် Monkey လို့တောင်ပေးဖူးတယ်သူတို့သဘာဝလေးအတိုင်း ကာမစိတ်ထကြွလာတဲ့အချိန်တွေဆို ရှူရှူးလေးတွေလျှောက်ပမ်းတတ်တော့ အမေကသင်းကွပ်ပေးချင်တာကြာလှပြီကိုယ့်မှာသူတို့လေးတွေကိုသနားလွန်းလို့မသင်းစေချင်တော့ နည်းမျိုးစုံနဲ့ အမေကိုဖြောင်းဖြထားပြီးအချိန်ဆွဲလာတာ ၁၀ လကြာသွားတယ် အခုနောက်ပိုင်းရှူရှူးပမ်းတာပိုများလာတော့ အမေကစိတ်ဆိုးပြီး “နင့်ကလေးတွေနော် ငါသူများပေးပစ်တော့မယ် အရမ်းလွန်လာပြီ”

ကိုယ်ကလည်းအရမ်းချစ်တော့ အမေအဲ့လိုပြောတိုင်းစိတ်ထဲမကောင်းဘူး သားလေးတွေမွေးပြီးကတည်းက အမေကိုယ့်ကိုဆဲရင်တောင် မငိုတော့ဘူး မနာတတ်တော့ဘူး သားလေးတွေကိုဆူဆဲရင် ရင်ဘက်ထဲအောင့်နေအောင်ခံစားရပြီးငိုတာ သားလေးတွေကိုပြောလို့ဆိုပြီး အမေကိုစိတ်တွေဆိုးပြီး အိမ်ပေါ်ကဆင်းပြီး သားလေး ၂ ကောင်ကိုခေါ်သွားပြီးတစ်နေရာမှာအတူတူသွားနေဖို့အထိတွေးခဲ့ဖူးတယ်

အဲ့လိုနဲ့ နောက်ရက်တွေအရမ်းကြာလာတော့ အမေကသားလေးတွေကိုသင်းကွပ်ပေးဖို့ဆုံးဖြတ်ချက်ချလိုက်ရောသားအမိ ၂ ယောက်စကားတွေများကြ “နင်နေရာတကာဝင်မပါနဲ့“ ဆိုပြီးစီစဉ်ပါလေရောနောက်ဆုံးတော့လည်း ကိုယ့်မှာလက်မခံချင်ပဲ လက်ခံလိုက်ရတယ်

သားလေးတွေကိုသူများဆီပေးလိုက်ရင်ဝေးရမှာကြောက်လွန်းလို့ကိုယ်က တာဝန်ယူမှုအပြည့်ရှိတဲ့ ယုံကြည်စိတ်ချရတဲ့ဆေးရုံမှာ ခွဲစိတ်ပေးစေချင်ပေမယ့်သူကခွဲစိတ်ပေးချင်တာ တခြားဆရာဝန်နဲ့ အဲ့ဒီဆရာဝန်က ကိုယ်တွေငယ်ငယ်လေးတုန်းက အိမ်မှာအဖေမွေးထားတဲ့ ခွေးတစ်ချို့လည်း သူနဲ့မပြခင်ဆို အကောင်းကြီးလတ်လတ်ဆက်ဆက်ကြီးကနေ သူဆေးကုပေးပြီးသွားတာနဲ့သေတာပဲလို့ ၃ ကြိမ်မက အဖေပြောတာကြားဖူးတယ် အဲ့ဒါကိုအခုအဲ့ဒီဆရာဝန်နဲ့ပဲ ခွဲစိတ်မယ်ပြောတော့ “မလုပ်ပါနဲ့ မာမီရယ် သားကြီးနဲ့ သားငယ်ကို သမီးအဆုံးရှုံးမခံနိုင်ဘူး ရူးလိမ့်မယ်” လို့အနူးအညွှတ်တားမြစ်တော့ သူငြိမ်သွားတယ် ကိုယ်ထင်လိုက်တာက အမေက ကိုယ်ပြောတာကိုလက်ခံသဘောတူလိုက်ပြီပေါ့ပြီးမှ ဘယ်ဟုတ်မလဲMarch 4, တစ်နေ့က (ကိုယ်မသိအောင်) ဒေါက်တာ “မဇ” ဆီဖုန်းဆက်ပြီး ခွဲစိတ်မှုလုပ်ဖို့ အိမ်ကိုချိန်းလိုက်ရောမနေ့က, March 5 မနက်လည်းကျရော ကံဆိုးချင်တော့ အိပ်ချင်တာအရမ်းပဲ ကိုယ်က ၉ နာရီ နဲ့ ၁၀ နာရီကြားမှာ သားငယ်လေးဟောင်တဲ့အသံလေးကြောင့်ခဏလန့်နိုးလာတယ်

ပုံမှန်ဆို မနက်ပိုင်းဆို သားလေးတွေကို အမေက ကိုယ်နဲ့အတူတူအခန်းထဲမှာပဲထားခဲ့နေကျ အခုမှထူးထူးဆန်းဆန်းအခန်းအပြင်မှာထားထားတာ ဘာလဲဟဆိုပြီးတွေးရင်းပြန်အိပ်ပျော်သွားတယ် နောက်တစ်ခေါက်လည်း သားငယ်လေးဟောင်တဲ့အသံလေးကြောင့်ပဲပြန်နိုးလာပြန်တယ် အရမ်းအိပ်ချင်နေတော့ မှိန်းခနဲပြန်အိပ်ပျော်သွားပြန်ရော နောက်တစ်ခေါက်ပြန်နိုးလာတော့ နေ့လည် ၁၂ နာရီတိတိထိုးနေပြီ

အဲ့လိုနဲ့အတင်းကုန်းရုန်းထပြီး မျက်နှာတောင်မသစ်ပဲ အခန်းတံခါးကိုဖွင့်ကြည့်တော့သားလေးတွေက အခန်းအပြင်မှာရှိမနေတာနဲ့ လှေကားကနေအိမ်အောက်ထပ်ကိုဆင်းနေရင်း “သားကြီးနဲ့သားငယ်ရော” လို့ လှမ်းအော်ပြီးမေးလိုက်တော့ အမေကပြုံးစိစိနဲ့ “ဒီမှာ သင်းနေတယ်” တဲ့ဟာသွားပြီ!! (ဘဝမှာ ကိုယ့်ကိုကိုယ် လုံးဝခွင့်မလွှတ်တဲ့အချိန်ပဲ)

သားလေးတွေမေ့မျောနေတဲ့ မြင်ကွင်းကိုတွေ့လိုက်ရတယ်သားငယ်လေးအသံကြောင့် ၂ ကြိမ်တောင်နိုးလာတဲ့ဟာကိုဘာလို့မထပဲပြန်အိပ်တာလဲဆိုပြီး ကိုယ့်ခေါင်းတွေကိုယ်ပြန်ထုရိုက်ပစ်လိုက်မိတယ်အမေကိုတော်တော်လေးစိတ်ဆိုးသွားတယ် ဒါပေမယ့် ဘာစကားမှသိပ်မပြောတော့ဘူး ရန်ဖြစ်ရတာပဲအဖက်တင်မယ် အနောက်ပြန်ရစ်လို့လည်းမရ Cancel လုပ်လို့လည်းမရတော့ဘူး နောက်ကျသွားပြီလေသားကြီးလေးနဲ့ သားငယ်လေးခွဲစိတ်တာချင်းအတူတူကို သားငယ်လေးက သွေးတွေထွက်တာ ဘာကြောင့်လဲလို့မေးကြည့်လိုက်တော့

သားကြီးလေးနဲ့ သားငယ်လေးနဲ့ကိုမေ့ဆေးတစ်ပြိုင်နက်တည်းထိုးပေးပြီး သားကြီးလေးကိုအရင်ဦးဆုံးခွဲစိတ်ပြီးမှ သားငယ်လေးကိုခွဲစိတ်ပါတယ်

သားငယ်လေးက ထဟောင်ပြီး (ကိုယ်အပေါ်ထပ်မှာအိပ်နေတုန်းကြားလိုက်လို့လန့်နိုးလာတဲ့ အသံလေး) ရုန်းလိုက်တော့ သွေးကြောလေးပြတ်သွားလို့ သွေးတွေထွက်ကုန်တာတဲ့အဲ့လိုနဲ့ထပ်မေ့သွားအောင်ဆိုပြီးမေ့ဆေးနောက်တစ်ကြိမ်ထပ်ထိုးလိုက်တယ်တဲ့ဆရာဝန်မပြန်ခင် Vitamin အားဆေးတွေဆိုပြီးဆေးတစ်ယောက်တစ်လုံးစီထိုးပေးသွားတယ်ဒီလိုနဲ့စောင့်ရင်းစောင့်ရင်းနဲ့ နာရီအနည်းငယ်ကြာလာပြီး သားကြီးလေးကနိုးလာတော့ နှုတ်ခမ်းကြီးက allergy ထပြီးရောင်ကိုင်းတွန့်လိပ်နေတာကိုမြင်တော့ကိုယ်တွေလည်းစိုးရိမ်ပြီးဆရာဝန်ဆီကိုဖုန်းဆက်ပြီး ဘာလုပ်ရမလဲမေးတော့ Burmeton တိုက်ခိုင်းတယ်သားငယ်လေးကတော့ နိုးလာသလိုလိုနဲ့မနိုးထလာဘူး လှဲနေလျက်သားလေးနဲ့ အီအီးတွေရှူရှူးတွေထွက်ကျတယ် အချိန် ၅ နာရီကြာလာတဲ့အထိ ကလေးကမနိုးလာတဲ့အပြင် အသက်ကတော့ရှူနေပေမယ့် ပါးစပ်လေးဟပြီး မျက်လုံးတွေကခြောက်ပြီးသေသေကြီးဖြစ်လာတယ်

သားအမိ ၂ ယောက် ငိုယိုပြီး ဆရာဝန်ကိုနောက်တစ်ခေါက်အိမ်ကိုပြန်လာပြီးကယ်တင်ပေးဖို့ဖုန်းဆက်ခေါ်တော်တော်ကြာတော့ ဆရာဝန်ပြန်ရောက်လာပြီး မေ့ဆေးပျယ်ဆေးလို့ပြောပြီးတင်ပါးကိုတစ်လုံးထိုးပေးတယ် နောက်ထပ် တစ်လုံးကိုတော့အသက်ကယ်ဆေးလို့လည်းပြောတယ် နှလုံးခုန်မြန်စေတဲ့ဆေးလို့လည်းပြောပြီး နံရိုးနားကိုထိုးချလိုက်ပြန်ရော

မိနစ်အနည်းငယ်ကြာလာတော့ သားငယ်လေးပြန်သတိရလာတယ် သားငယ်လေးအခြေအနေကောင်းတဲ့အထိစောင့်ကြည့်ပြီးမှပြန်ဖို့ဆရာဝန်ကိုတောင်းဆိုပြီး သားငယ်လေးအသက်အန္တရာယ်စိုးရိမ်ရနိုင်လားဆိုတာကို အတန်တန်မေးတဲ့ကြားက မစိုးရိမ်ရပါဘူး ပြန်ကောင်းသွားပါပြီပဲဖြေခဲ့ပြီး နောက်ဆုံးမှာတော့ အသက်ဆုံးရှုံးသွားခဲ့ရတာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published.