ပြေတီဦးမှ KNU ကရင်တပ်မတော်ကို မိမိပိုင်ဆိုင်သမျှ ကုန်ချင်ကုန်သွားပါစေ ထောက်ပံ့၍

ပြေတီဦးမှ KNU ကရင်တပ်မတော်ကို မိမိပိုင်ဆိုင်သမျှ ကုန်ချင်ကုန်သွားပါစေ ထောက်ပံ့၍ နွေဦးတော်လှန်ရေးအောင်မြင်အောင် ဆောင်ရွက်သွားမည်ဟုပြော

ပရိတ်သတ်အားပေးမှု အများဆုံးထဲမှာ တစ်ဦးဘအပါအဝင်ဖြစ်တဲ့ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီပြေတီဦးဟာ မိမိပိုင်ဆိုင်သမျှအကုန်လုံး ကုန်ချင်ကုန်သွားပါစေ။

ကရင်လွှတ်မြှောက်ရေးတပ်မတော် KNU ကိုထောက်ပံ့ပြီး စစ်အာဏာရှင်ကို တော်လှန်သွားမှာဖြစ်ကြောင်း၊နွေဦးတော်လှန်ရေးကို အောင်မြင်အောင် KNU ကရင်တပ်မတော်ကို ထောက်ပံ့ပေးပြီး ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းပြောသွားပါတယ်။

ပြီးခဲ့တဲ့လက ပြေတီဦးဟာ ငှက်ဖျားမိပြီး နာမကျန်းဖြစ်ချိန်တွင် ထိုင်းနိုင်ငံမဲဆောက်မှ အသိဆရာဝန်တစ်ယောက်ရဲ့ ဆေးခန်းမှာ ဆေးကုသမှုခံယူနေစဉ် CIAဟုယူဆရသော အဖွဲ့အစည်းတစ်ခုမှ မိမိအားဘန်ကောက်သို့ခေါ်ယူပြီး ဆေးကုသပေးခဲ့ကြောင်း၊ဆေးဖိုးဝါးခလည်း သူတို့ဘက်က တာဝန်ယူသွားကြောင်း၊

မိမိအား နိုင်ငံခြားသို့ တာဝန်ယူခေါ်ဆောင်သောအဖွဲ့အစည်းများရှိသော်လည်း မိမိမှာမလိုက်ပဲ KNUထံတွင်သာနေလိုကြောင်း၊မိမိမှာ ယခု ကျန်းမာရေးကောင်းမွန်နေပြီဖြစ်ကြောင်း၊ရန်ကုန်ခဝဲခြံနှင့်ရန်ကုန်ကလူများနဲ့လည်းအဆက်အသွယ်မပြတ်တဲ့အတွက် ရန်ကုန်အခြေအနေကိုလည်း သိရှိရပါကြောင်းသတင်းရရှိပါတယ်။

ယခုမိမိပိုင် ပစ္စည်းများကိုလည်း ထုခွဲရောင်းချပြီး KNU ကရင်တပ်မတော်ကိုထောက်ပံ့ပေးနေကြောင်းသိရပါတယ်။

Zawgyi







Leave a Reply

Your email address will not be published. Required fields are marked *