မြေမြှုပ်ရတော့မယ့် သူမရဲ့သားလေးကိုပွေ့ချီပြီး ဖြေမဆည်နိုင်အောင် ဝမ်းနည်းငိုကြွေးနေတဲ့ ပက်ထရစ်ရှာရဲ့ဗီဒီယိုဖိုင်

ချစ်စရာကောင်းတဲ့မင်းသမီးချောလေး ပက်ထရစ်ရှာကတော့ ဒီနေ့သူမရဲ့လူမှုကွန်ရက်က ပုံရိပ်တစ်ချို့ကြောင့် ပရိသတ်တွေစိတ်မကောင်းဖြစ်ခဲ့ရပါတယ်။ သူအရမ်းချစ်ရတဲ့ သူ့ခွေးလေးတစ်ကောင် သေဆုံးသွားခဲ့တာပါ။ ကလေးလေးတစ်ယောက်လို ချစ်တက်တဲ့ ပက်ထရစ်ရှာအတွက်တော့အရမ်းခံစားခဲ့ရတာပါ။

သူမရဲ့ခွေးလေးဟာ အကောင်းတိုင်းဖြစ်ပေမယ့်မှားယွင်းမှုတစ်ခုကနေ ခုလိုအသက်ဆုံးရှုံးခဲ့ရတာပါ။ မနေ့ကသေဆုံးခဲ့တာဖြစ်ပြီး သူမခွေးလေးသေဆုံးရတဲ့အကြောင်းကို လည်းပရိသတ်တွေသိစေဖို့ရှင်းပြခဲ့ပါသေးတယ်။ အဲ့စာလေးကိုဖတ်ပြီးတော့လည်း ပရိသတ်တွေဟာဝမ်းနည်းပူဆွေးခဲ့ရတာပါ။

ခုမှာတော့သားလေးကိုမြေမြုပ်ရမှာတော့မယ့်အချိန်ထိ ထွေးပွေ့ထားတဲ့ပုံရိပ်လေးကပရိသတ်ရင်ထဲဝမ်းနည်းစေမိတာပါ။ အရမ်းချစ်ရတဲ့သားလေးမလို့ ရင်ကွဲမတက်ခံစားနေတဲ့ပုံရိပ်လေးက ခွေးချစ်တဲ့ပရိသတ်တွေလည်းနားလည်မိမှာပါ။ ပရိသတ်တွေလည်း သူ့သားလေးနဲ့မနှုတ်ဆက်မီထွေးပွေးထားတဲ့ပုံလေးကိုကြည့်ပြီး အားပေးစကားလေးပြောသွားကြပါဦးနော်။

Leave a Reply

Your email address will not be published.