အနုပညာလောကမှာ ရွှေ၂ရွှေဆိုတာနဲ့တစ်ချိန်ကပရိသတ်တွေအားကျခဲ့ရတဲ့ ဇနီးမောင်နှံပဲဖြစ်ပါတယ်။ အသက်ငယ်ငယ်လေးတွေနဲ့ မြန်မာနိုင်ငံရဲ့ အအောင်မြင်ဆုံးအနုပညာရှင်တွေလည်းဖြစ်ပါတယ်။ အဆိုတော်လောကမှာလည်း ရွှေထူးဟာ အားပေးမှုအပြည့်နဲ့အောင်မြင်သလို သရုပ်ဆောင်လောကမှာလည်း ဇာတ်ကားကြီးတွေကို ရွှေမှုန်ရတီကအသက်ငယ်ငယ်လေးနဲ့ရိုက်ကူးခွင့်ရပြီးအောင်မြင်ခဲ့တာပါ။
ဒါကြောင့်လည်း ပရိသတ်တွေချစ်ပြီး အားကျနေတဲ့အတွဲလေးတွေထဲကတစ်တွဲပါ။ အရင်နိုင်ငံရေးအခြေနေတွေကောင်းချိန်က တစ်ယောက်ကိုတစ်ယောက်အမြဲရိုနေတဲ့ပုံရိပ်လေးတွေကိုလူမှုကွန်ရက်မှာအားကျအောင်တင်ပေးလေ့ရှိတာပါ။ ဒါမယ့်လည်းအာဏာသိမ်းပြီးနောက်ပိုင်းပျောက်သွားခဲ့ပြီးမကြာသေးခင်ကမှပရိသတ်ရှေ့ရောက်လာတာပါ။
အရင်လိုချစ်ပြီးရိုတဲ့ပုံရိပ်လေးတွေသိပ်တင်လေ့မရှိပေမယ့်လည်း ခုမှာ သူတို့ရဲ့အိမ်တက်လေးvideoကိုတင်ထားတာပါ။ ပရိသတ်တွေမသိလိုက်ချိန်လေးမှာ သူတို့ရဲ့အိမ်အသစ်လေးကိုဆောက်ခဲ့တာဖြစ်ပြီးအံ့သွားခဲ့ခဲ့ရတာပါ။ ပရိသတ်တွေလည်း သူတို့ရဲ့အိမ်တက်ပွဲလေးမှာ ဘုန်းဘုန်းတွေပင့်ပြီးအလှုလုပ်နေတဲ့ပုံရိပ်လေးတွေကိုလည်းကြည့်ပေးကြပါဦးနော်။