သမီးလေးရဲ့မွေးနေ့အား ပျော်ရွှင်အောင် ဖန်တီးပေးခဲ့တဲ့ ဆောင်းယွန်းစံရဲ့စိတ်ထားလေးကို သဘောတွေကျနေတဲ့ ပိုင်တံခွန်ရဲ့မိခင်

ပရိသတ်အချစ်တော်ပိုင်တံခွန်ရဲ့ သတင်းတွေကိုအရင်ကအမြဲပရိသတ်တွေအတွက်တင်ပေးလေ့ရှိတာကတော့ အမဖြစ်သူ မေချစ်သွေးပဲဖြစ်ပါတယ်။ သူမဟာ ပိုင်တံခွန်ဖမ်းဆီးထိန်းသိမ်းခဲ့စဥ်က ပရိသတ်တွေစိတ်မပူအောင်အမြဲသတင်းတွေတင်ပေးလေ့ရှိတာပါ။ မနေ့ကတော့ ပိုင်တံခွန်ရဲ့အမမွေးနေ့လေးဖြစ်ပါတယ်။

သူမရဲ့မွေးနေ့လေးမှာတော့ စိတ်အဆင်မပြေတဲ့အခြေလေးကနေချစ်ရတဲ့သူတွေကြောင့်ပျော်ရွှင်ခဲ့ရတဲ့အကြောင်းလေးကိုလည်း လူမှုကွန်ရက်မှာတင်ထားတာပါ။ မပျော်ရွှင်နေတဲ့ မွေးနေ့မှာ ပျော်အောင်လုပ်ပေးကြလို့ အားလုံးကို ကျေးဇူးများကြီးတင်ပါတယ်ဗျာ။

Cb၊ sms၊ ဖုန်း၊ post တွေကနေ ဆုတောင်းပေးကြသူတစ်ဦးတစ်ယောက်ချင်းစီကို ကျေးဇူးများကြီးတင်ပါတယ်ဗျာ။ တစ်ယောက်ချင်းစီကို စာမပြန်နိုင်တဲ့အတွက်လည်း တောင်းပန်ပါတယ်ဗျာ ဆိုပြီးတင်ထားခဲ့တာပါ။နာမည်ကျော်အနုပညာရှင်တစ် ဆောင်းယွန်းစံ ကလည်း သူ့မွေးနေ့လေးကိုဆုတောင်းပေးထားတာပါ။ Happy Birthday မကြီးမေချစ်သွေးပျော်ရွှင်ပါစေလို့ ဆုတောငိးပေးစရာမလိုအောင် ပျော်ရွှင်မှု့တွေ ပိုင်ဆိုင်နေပြီလို့ထင်ပါတယ်.. စခင် စတွေ့တဲ့အချိန်ထဲက ဒီအစ်မဆိုးသမျှကို သည်းခံပြီး ချစ်ပေးလို့လဲ ကျေးဇူးတင်ပါတယ်ရှင့်.. နောက်လဲ များများ သည်းခံပေးပါ မွေးနေ့မှစပီး ချစ်ရသော မိသားစုနဲ့ နှစ်တွေအကြာကြီး သက်ဆုံးတိုင် ပျော်ရွှင်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်နော် ..ဆိုပြီးလည်းဆုတောင်းပေးခဲ့တာပါ။

Leave a Reply

Your email address will not be published.