သူမပင်ပန်းမှာစိုးလို့ မအားတဲ့ကြားက သားလေးကို ထိန်းပေးနေတဲ့ ချစ်ခင်ပွန်းကို ဗီဒီယိုလေးခိုးရိုက်ပြီး အချစ်ပိုနေတဲ့ အောန်ဆိုင်း

မကြာသေးခင်ကမွေးဖွားထားတဲ့သားလေးနဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်ထားတာကတော့ အောန်ဆိုင်းပဲဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်ကတည်းက ခင်ပွန်းရဲ့ဂရုစိုက်မှုတွေကြောင့် စိတ်ချမ်းသာနေတဲ့ပုံရိပ်လေးတွေကိုကြည့်ပြီးအားကျနေခဲ့ရတာပါ။ ခုသားလေးမွေးဖွားပြီးချိန်မှာလည်း ပရိသတ်တွေကြည်နူးခဲ့ရတာပါ။

ခင်ပွန်းဖြစ်သူရော ယောက္ခထီးကပါ သူတို့ရဲ့သားဦး၊မြေးဦးလေးဖြစ်တာကြောင့်ချစ်မဝဖြစ်နေရတာပါ။ အောန်ဆိုင်းကတော့ သူမရဲ့လူမှုကွန်ရက်ကနေလည်း ပရိသတ်တွေနဲ့မပြတ်အောင်ပုံရိပ်လေးတွေတင်ပေးလေ့ရှိပါတယ်။ သားလေးရဲ့ပုံရိပ်လေးတွေကလည်းပရိသတ်တွေချစ်မဝဖြစ်နေရတာပါ။

ခုမှာလည်း သားလေးကိုချီပြီး ချစ်မဝဖြစ်နေတဲ့ ခင်ပွန်းဖြစ်သူရဲ့ video လေးကိုတင်ထားတာပါ။ သားဦးလေးမလို့ ချစ်မဝဖြစ်နေတဲ့ သူတို့မိသားစု video လေးကကြည့်မိသူတိုင်းကိုချစ်မဝဖြစ်စေမှာပါ။ ပရိသတ်တွေလည်း အောန်ဆိုင်းတို့မိသားစု ရဲ့ကြည်နူးစရာ video လေးကိုကြည့်ပြီးချစ်ပေးကြပါဦးနော်။

Leave a Reply

Your email address will not be published. Required fields are marked *