ဒုက္ခရောက်နေတဲ့ ပြည်သူတွေရဲ့ဘဝတွေကို ဖျက်လိုဖျက်စီးလုပ်နေကြသူများအား ထိမိလွန်းတဲ့ စကားတစ်ခွန်းပြောချလိုက်တဲ့ ချစ်သုဝေ

အာဏာရှင်စနစ်ကိုတော်လှန်ရင်းနဲ့ယနေ့ချိန်ထိ ပုန်းရှောင်နေခဲ့ရတာကတော့ ချစ်သုဝေတို့မိသားစုပဲဖြစ်ပါတယ်။ သူတို့မိသားစုလေးဟာ အောင်မြင်ကျော်ကြားတဲ့အနုပညာရှင်တွေဖြစ်ကြပေမယ့် မတရားမှုကိုတွန်းလှန်ရင်းနဲ့ ခုလိုထွက်ပြေးပုန်းရှောင်နေရတာပါ။ ခေတ်နဲ့သစ်လေးဟာလည်း ကလေးတွေဖြစ်ကြပေမယ့်လည်း မိဘတွေနဲ့အတူ ပုန်းရှောင်နေခဲ့ရတာပါ။

မကြာသေးခင်ကလည်း သူတို့ကိုရှာဖွေမရတာကြောင့်သူတို့ရဲ့အိမ်တွေကိုချိတ်ပိတ်ခံရသေးတာပါ။ ဘယ်လောက်ပဲ မတရားမှုတွေကြုံနေရပေမယ့်အမှန်တရားအတွက်ဘယ်လောက်ခက်ခဲပါစေရင်ဆိုင်ဖို့အသင့်ပါပဲ။ ခုမှာလည်း သူတို့မတရားခံခဲ့ရတဲ့ကိစ္စတစ်ခုကိုထုတ်ပြောခဲ့တာပါ။

သူမတို့ပိုင်ဆိုင်တဲ့ Kpay အကောင့်တွေဒလန်ကြောင့်ပိတ်သိမ်းခံခဲ့ရတာပါ။ သြော်ဖျက်လိုဖျက်စီးစိတ်တွေများ အသက်တွေဘဝတွေကူဖို့ကယ်ဖို့နေနေသာသာ ကူကယ်သူတွေကိုပါဒုက္ခတွေပေး ဝဋ်လည်းမကြောက် သံသရာလည်းမကြောက် အေးကွယ်စိတ်လက်ချမ်းသာရှိကြပါစေ တစ်ကယ့်ကိုရှိကြပါစေဆိုပြီး သူမရဲ့ခံစားချက်တွေကိုထုတ်ပြောခဲ့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *