ချစ်သူသက်တမ်း(၁၁)ကျော်အတွင်း ပြောင်းလဲလာတဲ့ သူတို့နှစ်ဦးရဲ့အခြေအနေအရပ်ရပ်အား ချပြလိုက်တဲ့ နေရဲ

အနုပညာလောကမှာ အချိန်တိုအတွင်းနေရာတစ်ခုမှာရပ်တည်နိုင်ပြီး ပရိသတ်အချစ်တွေရရှိထားတာကတော့ သရုပ်ဆောင်နေရဲဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်ရိုက်ကူးနေရတဲ့သူတစ်ယောက်ပါ။ စတိုင်ကျကျပုံရိပ်တွေနဲ့ညပရိသတ်တွေအပေါ်လည်း လေးစားချစ်ခင်တဲ့ပုံရိပ်တွေကြောင့် အားပေးချစ်ခင်နေရတာပါ။

သူကတော့နာမည်ကျော်ဟာသရုပ်ဆောင်ခင်လှိုင်ရဲ့သားဖြစ်ပြီး ပရိသတ်အချစ်တော် သဇင်ထူးမြင့်ရဲ့အကိုလည်းဖြစ်ပါတယ်။ သူတို့မိသားစုလေးဟာလည်း ပျော်ရွှင်စရာကောင်းတာကြောင့်ပရိသတ်တွေအားကျနေရတာပါ။ သဇင်ထူးမြင့်ဟာလည်း အကိုဖြစ်သူရဲ့အချစ်တော်ဖြစ်တာကြောင့် နေရဲရဲ့ကောင်မလေးနဲ့လည်းပုံလေးတွေတတွဲတွဲတင်လေ့ရှိတာပါ။

ခုမှာလည်း ပရိသတ်တွေအားကျနေရတဲ့ နေရဲဟာ ပုံရိပ်လေးတစ်ခုနဲ့ပရိသတ်တွေကိုအားကျအောင်လုပ်လိုက်တာပါ။ 2010 ကနေ 2021 ထိသူတို့ချစ်သူနှစ်ဦးရဲ့ ချစ်စရာကောင်းတဲ့ပုံရိပ်လေးကိုချပြလိုက်တာပါ။ နှစ်ပေါင်းများစွာကြာချစ်နေကြတဲ့ သူတို့နှစ်​ယောက်ရဲ့ပုံရိပ်လေးကိုလည်း ပရိသတ်တွေကြည့်ပြီးချစ်ပေးကြပါဦးနော်။

Leave a Reply

Your email address will not be published. Required fields are marked *