သမီးလေးကို အလှဆုံးဖြစ်အောင် ဓာတ်ဖမ်းပေးနေတဲ့ ချစ်သူလေးရဲ့ကြိုးစားမှုတွေကို ကြည့်ပြီး သဘောတွေကျနေတဲ့ မျိုးစန္ဒီ

တစ်ချိန်က ဗီဒီယိုလောကမှာ အောင်မြင်မှုတွေများစွာသိမ်းပိုက်နိုင်ခဲ့သူတစ်ယောက်ကတော့ မျိုးစန္ဒီကျော်ပဲဖြစ်ပါတယ်။ သူမကတော့ အချိန်တော်ကြာပရိသတ်ရှေ့ကပျောက်သွားခဲ့ပြီး ရုန်းကန်ကြိုးစားရင်းခုမှာ ပျော်ရွှင်စရာမိသားစုဘဝလေးကိုပိုင်ဆိုင်ထားတာပါ။ နွေးထွေးပျော်ရွှင်စရာကောင်းတဲ့ သူတို့မိသားစုပုံရိပ်လေးတွေကြောင့်လည်းယနေ့အချိန်ထိပရိသတ်တွေချစ်နေရတုန်းပါ။

သူမကတော့ခုနောက်ပိုင်းမှာတော့ လူမှုကွန်ရက်ကနေ Liveလေးလွှင့်ပြီးစျေးရောင်းနေတာပါ။ သူမကိုချစ်တဲ့ပရိသတ်တွေကလည်းအမြဲအားပေးဝယ်ယူနေတာကြောင့် သူမရဲ့ Liveတိုင်းဟာအောင်မြင်နေတာဖြစ်ပါတယ်။ အလုပ်တွေကိုလည်းကြိုးစား မိသားစုကိုလည်းအချိန်ပေးတာကြောင့် အားကျစရာကောင်းနေတာပါ။

သမီးလေးရဲ့ပုံရိပ်လေးတွေ၊ ချစ်ရတဲ့ခင်ပွန်းကိုစနောက်တဲ့ video လေးတွေကိုလည်း လူမှုကွန်ရက်မှာတင်ပေးလေ့ရှိတာပါ။ ခုမှာလည်း Serum ကြော်ငြာရိုက်အပြီး သမီးလေးလိုချင်တဲ့အရုပ်တွေလိုက်ဝယ်ပေးသမီးလေးစားချင်တဲ့မုန့်သွားစားဖြစ်တယ်(အောက်ဆုံးက နှစ်ပုံကတော့ ဘယ်တော့မှပုံထွက်မကောင်းတဲ့ ဓါတ်ပုံဆရာရဲ့ အားကြိုးမာန်တက် ရိုက်နေတဲ့ပုံပါ ဆိုပြီးသူ့ခင်ပွန်းဖြစ်သူကိုစနောက်နေတာပါ။ သူတို့မိသားစုလေးဘယ်လောက်ပျော်ရွှင်စရာကောင်းလဲဆိုတာကတော့ အောက်က ပုံရိပ်လေးတွေကိုကြည့်ပြီးချစ်ပေးကြပါဦးနော်။

Leave a Reply

Your email address will not be published. Required fields are marked *