အကျဉ်းထောင်က လွတ်လာပြီးနောက်ပိုင်း ချစ်သူရိုက်ပေးသော ပထမဆုံးဓာတ်ပုံလေးကို ထုတ်ပြလိုက်တဲ့ ပိုင်တံခွန်ရဲ့ကောင်မလေး

မြန်မာနိုင်ငံကပရိသတ်အချစ်တွေတင်မဟုတ်ပဲ နိုင်ငံတစ်ကာက ပရိသတ်တွေရဲ့အချစ်တွေကိုပါသိမ်းပိုက်ထားနိုင်ခဲ့တာကတော့ ပိုင်တံခွန်ပဲဖြစ်ပါတယ်။ သူကတော့ပြည်သူ့အချစ်တော်တစ်ဦးဖြစ်ပြီး အသက်ငယ်ငယ်လေးနဲ့အောင်မြင်နေတဲ့ထိပ်တန်းအနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ သူဟာ ပြီးခဲ့တဲ့နှစ် အာဏာသိမ်းချိန်မှာ တော်လှန်ရေးတွင်ပါဝင်ပြီး ထိန်းသိမ်းခံလိုက်ရသေးတာပါ။

မကြာခင်ကမှာ ထိန်းသိမ်းခံရာကနေ လွတ်မြောက်လာခဲ့ပြီး ပရိသတ်တွေ ဝမ်းသာခဲ့ရတာပါ။ လွတ်မြောက်ပြီးချင်းမှာ ပရိသတ်တွေနဲ့ မဆုံရသေးပေမယ့် ချစ်ရတဲ့မိသားစုသူငယ်ချင်းတွေနဲ့အချိန်ပေးဖြစ်ခဲ့တာပါ။ လွတ်မြောက်လာတုန်းနေ့မှာပဲသူတင်ထားတဲ့ပုံရိပ်လေးတစ်ခုကြောင့် ပရိသတ်တွေကြည်နူးခဲ့ရသေးတာပါ။

ခုမှာလည်း ပြည်သူချစ်တဲ့မင်းသားချောလေးဟာ ချစ်သူနဲ့အတူ ငပလီမှာအပန်းဖြေနေတာပါ။ ချစ်သူလေးရဲ့ပုံရိပ်ကို ပထမပုံမှာ မျက်နှာလေးကွယ်ထားတာကြောင့်သေချာမမြင်ခဲ့ရပေမယ့်ခုမှာတော့ပရိသတ်တွေဘယ်သူလဲဆိုတာသိရတော့မှာပါ။ ပိုင်တံခွန်ရဲ့ကောင်မလေးဟာချစ်သူရိုက်ပေးတဲ့ပုံရိပ်လေးကိုတင်ထားတာဖြစ်ပြီး ဘယ်သူလဲဆိုတာကတော့အောက်ကပုံရိပ်လေးကိုကြည့်ပြီးချစ်ပေးကြပါဦးနော်။

Leave a Reply

Your email address will not be published.