သမီးလေးနဲ့ဗီဒီယိုရိုက်နေတုန်း သူမရဲ့ပါးလေးကို အနမ်းလာပေးသွားတဲ့ ချစ်ခင်ပွန်းကြောင့် ကြည်နူးသွားခဲ့ရတဲ့ ချမ်းချမ်း

အချစ်သီချင်းအေးအေးလေးတွေနဲ့ပရိသတ်အချစ်တွေကိုသိမ်းပိုက်ခဲ့ပြီး အနုပညာလောကမှာ နာမည်တစ်ခုရရှိပြီးအောင်မြင်နေတာကတော့ အဆိုတော်ချမ်းချမ်းပဲဖြစ်ပါတယ်။ သူကတော့ သီချင်းဆိုပြိုင်ပွဲတွေမှာတောင် အကဲဖြတ်ဒိုင်အဖြစ်ပါဝင်ရတဲ့ ပါရမီအပြည့်ရှိသူတစ်ယောက်ပါ။ ဒါပေမယ့် ပြီးခဲ့တဲ့နှစ်ဖေဖော်ဝါရီကစပြီးသူမအိမ်မက်တွေကရိုက်ချိုးခံခဲ့ရတာပါ။

ဒါပေမယ့်လည်း သူမဟာခုချိန်မှာ ခင်ပွန်းဖြစ်သူနေထိုင်ရာ အီတလီနိုင်ငံမှာသမီးလေးနဲ့အတူ ပျော်ရွှင်စရာမိသားစုဘဝလေးကိုပိုင်ဆိုင်ထားတာပါ။ သမီးလေးရဲ့ပုံရိပ်လေးတွေကိုလည်း လူမှုကွန်ရက်ကတင်ပေးလေ့ရှိပြီး ပရိသတ်တွေချစ်မဝဖြစ်နေရတာပါ။ တော်လှန်ရေးကြောင့် သူမပိုင်ဆိုင်တဲ့ မြန်မာနိုင်ငံကအိမ်တွေချိတ်ပိတ်ခံရပေမယ့် ပျော်ရွှင်စရာမိသားစုလေးကတော့သူ့ဘေးမှာရှိနေတာပါ။

မိသားစုပုံရိပ်လေးတွေတင်ပေးလေ့ရှိတဲ့သူမကတော့ ခုမှာလည်းကြည်နူးစရာကောင်းတဲ့ video လေးတစ်ခုကိုတင်ထားတာပါ။ သမီးလေးဆော့ကစားနေတာလေးကို video ရိုက်နေရင်း ချစ်ခင်ပွန်းကသူမကိုအနမ်းလေးပေးလိုက်တာပါ။ ပရိသတ်တွေလည်းသူတို့မိသားစုလေးဘယ်လောက်ကြည်နူးစရာကောင်းလဲဆိုတာကတော့အောက်က video လေးကိုကြည့်ပြီးချစ်ပေးကြပါဦးနော်။

Leave a Reply

Your email address will not be published. Required fields are marked *